👼4👼

3.2K 391 12
                                    


"ဟာ..ဘယ်လိုလုပ်သိမှာ လဲ..ငါသူ့ကိုမြင်တောင်မမြင်
ဖူးဘူး"

"အဲ့ဒါတော့မသိဘူး Sumbae အတန်းထဲ lecture ဝင်လာသမျှ ဆရာတိုင်းကတော့ ခွင့်မတိုင်ဘဲပျက်လို့ အတန်းလစ်တာ ဆိုပြီးဆူနေကြတယ်..အဲ့ဒါ သူ့seniorကိုလဲ သွားပြောထားဆိုလို့"

"သူနဲ့သိတဲ့လူဆီက ဖုန်း နံပါတ်လေး ဘာလေးတောင်းဆက်ကြည့်လေကွာ"

"ဖုန်းနံပါတ်မသိဘူး Sumbae သူကဘယ်သူနဲ့မှ
အပေါင်းအသင်းလုပ်တာမဟုတ်ဘူး..ခပ်ချေချေရယ် "

"ဟာကွာ မင်းတို့ကောင်တွေကလဲ... "

ကိုယ်ထိုင်နေတဲ့ အနားက ပြတင်းပေါက် ရဲ့အပြင်ဘက်ဆီက အခြေအတင်စကားသံတွေ
အနည်းငယ်ကျယ်လာတာမို့ အပြင်ကိုအာရုံစိုက်မိသည်..

ခေါင်းတရမ်းရမ်း ..စိတ်ပျက်လက်ပျက် မျက်နှာနဲ့ အတန်းထဲက တစ်ယောက်ရယ်...သူ့လောက်နီး နီး ရှုံ့ မဲ့နေတဲ့မျက်နှာနဲ့ first year က အတန်းခေါင်းဆောင်ရယ်..နေပါအုံး...
ဒီကောင့် Roll no က 94 မဟုတ်လား...
လာပြောတဲ့ Junior ကလဲ first year ကဆိုတော့ မဟုတ်မှလွဲရော....

"ဘယ်သူအတန်းမတက်တာလဲ "

မနေနိုင်မထိုင်နိုင် ဝင်မေးလိုက်မိခြင်း...

"Aww Suho Sumbae"

ပြတင်းပေါက် ကနေ ခေါင်းပြူရင်း မေးတဲ့သူ့ကိုမြင်တော့ Junior က Bow တစ်ချက်နဲ့ Respect ပေးလေသည်..ပြီးမှ...

"Oh Se Hun လေ Sumbae "

ဘာလဲ ဒီကောင်လေး..
မနေ့ကမှ ဆုံးမလိုက်တယ်..ဒီနေ့အတန်းလစ်တယ်
"ကြိုးစားမှာပါ "ဆိုတာ ကလန်ကဆန် လုပ်ဖို့
ကြိုးစားမယ် ပြောတာလား...
ခွေးမြီးကောက်ကို မှကျည်တောက်သွားစွပ်မိတဲ့ ငါဟာလေ.....

*****************

Case presentation အတွက် လုံးပန်းနေရင်း
အိမ်ပြန်ချိန် နောက်ကျမှန်းမသိနောက်ကျသွားသည်..
စာကြည့်တိုက်မှာ စာအုပ်ပုံတွေထဲ ခေါင်းနှစ်နေရင်း
ကျောင်း က လုံခြုံရေးဦးလေးကြီး သတိပေးလာမှ
ညမှောင်နေပြီဆိုတာသတိထားမိသည့် အဖြစ်..

ကျောင်းနဲ့အိမ်က နှစ်လမ်း ကျော် အကွာ အဝေးမို့
Taxi ငှါးမနေတော့ပဲ လမ်းလျှောက်ပြန်ခဲ့လိုက်သည်...
ခွေးအူသံတစ်ချက်တစ်ချက်ကြားတော့ ကျောထဲစိမ့်သလိုလို...ဒီညမှ ထူးထူးခြားခြား လမ်းသွားလမ်းလာ သိပ်မတွေ့...

❤❤ငြိတွယ်❤❤...(💓ငြိတွယ်💓)Where stories live. Discover now