👼1👼

8.1K 492 11
                                    


^ငါ့နှလုံးသားအဝင်နားမှာ
^'မဝင်ရ'လို့ဆိုင်းဘုတ်ချိတ်ခဲ့တယ်
^အချစ်ကရောက်လာပြီး
^ရယ်ရယ်ပြုံးပြုံးနဲ့ပြောသွားတယ်
^'ငါကတော့ဘယ်နေရာမဆိုဝင်တာဘဲ'တဲ့ လေ

တတ်လည်းတတ်နိုင်တဲ့ အချစ်ဆိုတဲ့..ခင်ဗျားရယ်..

****************

ကျောင်းတက်တာတစ်ပတ်ခန့်ရှိခဲ့ပေမယ့်
ဒီနေ့အထိ လူကအသားမကျ...

ခုထိနားမလည်နိုင်သေးတဲ့ဘာသာရပ်တွေကို ငြီးငွေ့သည်...နားမလည်ဆိုတာထက် စိတ်မဝင်စားတာဆိုရင် ပိုမှန်လိမ့်မည်..

မေမေ ကသိပ်တက်စေချင်တာရယ် ကိုယ်တိုင်လဲအိမ်မှာ အချိန်ကြာကြာမနေချင်တာရယ်ကြောင့်သာ..ဒီကျောင်းကို သူတက်ဖြစ်ခဲ့သည်..
ဘာအထူးကု..ညာအထူးကု ဖြစ်ရမယ် ဆိုတဲ့
ရည် ရွယ် ချက် ကြီး ကြီးမားမားမရှိ စိတ်လဲမဝင်စား..

မနက်ခင်း အတန်းချိန် စကတည်းက တစ်ချိန်ပြီးတစ်ချိန်ဆက်နေတဲ့ Lectures တွေကြောင့် ခေါင်းထဲငြီးစီစီ...နေ့လည်ဖက်အတန်းနားချိန် နားထဲear phone
ထည့်ပြီးခဏ မှေးတော့ သီချင်းသံထက်ကျယ်နေတဲ့
စကားသံတွေက အနှောက်အယှက်..

ထွက်လွယ်လွန်းတဲ့ ဒေါသကြောင့် အနားမှာအဆင်သင့်ရှိနေတဲ့ ဘော့ပင် ချွန် ချွန်နဲ့
လက်ဖမိုးကိုထိုးစိုက်ပစ်လိုက်သည်...
တဆစ်ဆစ်နာကျင်မှုကို တစ်ချက်ချင်း လိုက်မှတ်နေရင်း..ဆူဆူညံညံပတ်ဝန်းကျင်ကို
မေ့ပျောက်လုဆဲဆဲ

"အားလုံးပဲ အစ်ကိုတို့ ပြောတာခဏလောက်နားထောင်ပေးပါ"

ခပ်ရှရှလွင့်လာတဲ့ အသံလှိုင်းတစ်ခုနာစည်ကိုရိုက်ခတ်တော့...
အနှောက်အယှက်ကင်းကင်းနားဆင်လိုသောဆန္ဒက
တစ်မဟုတ်ချင်းဖြစ်လျက်..ear phone ကို ဆွဲဖြုတ်လိုက်မိသည်....

"အစ်ကိုတို့က Final year ကပါ..မင်းတို့ Seniorပေါ့"

ငါးယောက် ရပ်နေကြတဲ့အထဲက
အတန်းခေါင်းဆောင် လို့ထင်ရတဲ့ မျက်မှန်လေးနဲ့
Seniorဟာ... အသံချိုချိုရဲ့ ပိုင်ရှင်...

"ဒီကျောင်းနဲ့ပတ်သက်တဲ့စည်းကမ်းတွေကို
မင်းတို့သိသင့်သလောက်သိပြီးသားမို့ ထပ်ပြီးမပြောတော့ဘူး.. ဒီနေ့ပြောမှာက
မင်းတို့ Fresher welcome ရဲ့ အစီအစဉ်တွေနဲ့ မင်းတို့ပါဝင်ရမယ့်အပိုင်း...."

❤❤ငြိတွယ်❤❤...(💓ငြိတွယ်💓)Where stories live. Discover now