👼9👼

2.9K 337 20
                                    


❤ဖြစ်တည်ခဲ့တဲ့အချစ်ဟာ... ကိုယ့်ဖက်ကတစ်ဖက်သတ်ပဲမို့...
❤နာကျင်ခံစားရသမျှ..
❤မင်းအပြစ်မဟုတ်ပါဘူး ..ချစ်ရသူ..
❤ဒါပေမယ့်...
❤အလွမ်းတွေကို ပုဝါပါးပါးလေးနဲ့ထုပ်ပြီး..မင်းဆီပို့လိုက်မယ်
❤အလွမ်းဆိုတာမင်းသိအောင်လို့ပါ..
❤နမ်းတော့မနမ်းလိုက်နဲ့.. ချစ်ရသူ
❤အလွမ်းရဲ့ရနံ့ က ဘဝတစ်ခုလုံးကိုမူးဝေမှောင်မိုက်သွားစေတယ်
❤မင်းကိုငါ့လိုဖြစ်မှာစိုးရိမ်လို့ မနမ်းလိုက်ပါနဲ့.. ချစ်ရသူ....

*
*
*

ဆေးရုံအနီးအနားတစ်ဝိုက်က စားသောက်ဆိုင်တွေဟာ
လက်ချိုးရေတွက်ရင် လက်နှစ်ဖက်ပင်မပြည့်..
သို့သော်..
ဆိုင်တိုင်းလိုလို လူပြည့်နေတာကြောင့်
ကိုယ်ရှာလိုသူကို အလွယ်တကူမတွေ့..

နာရီဝက်လောက်လမ်းလျှောက်အပြီး...
မီးရောင်ဝါကျင်ကျင်လေးထွန်းထားတဲ့ ဆိုင်ထဲမှာ
Duty coat ကို ထိုင်ခုံနောက်မှီပေါ်တင်ထားရင်
ညစာစားနေတဲ့ hyungကို ရှာတွေ့ခဲ့သည်...

Hyungနဲ့အတူ.. hyungရဲ့ senior
Seniorဆိုတာ.. ဆံနွယ်အခွေအလိတ်တွေနဲ့
ခေတ်မှီလှပ သော မိန်းကလေး တစ်ယောက်...

ရယ်ရယ်မောမော စကားပြောရင်း
ကိုကိုယ်တိုင်တောင်မထိရက်ခဲ့တဲ့ hyungရဲ့
ဆံပင်လေးတွေကို လှမ်းဖွလိုက်တာလဲရှိသေးသည်...

Hyungကို ကြည့်တဲ့ အကြည့်တွေ...ရိုးသားပါတယ် လို့ ကျိန်တွယ်ပြောရင်တောင် ယုံနိုင်စရာမရှိတဲ့အကြည့်တွေ...

ဟိုလူ မေမေ့ဆီ ချောင်းပေါက်မတတ်လာခဲ့ တုန်းကလဲ
အဲ့ဒီလို အကြည့်တွေ...

မေမေ့ကို လုယူခံလိုက်ရသလို မျိုး...Hyungကိုလဲ..

ဟင့်အင်း.. အဖြစ်မခံနိုင်... မဖြစ်စေရ..

ကိုယ့်အတွေးနဲ့ကိုယ် သွေးရူးသွေးတန်း ဖြစ်ကာ
လက်ရှိအခြေအနေကိုဖြေရှင်းဖို့ စဉ်းစားတော့
ဖုန်းခေါ်ဖို့ပဲ ဖြစ်ကာ....

📲📲📲📲📲📲📲

"Hyung"

"Imm Sehun.ah"

"အခုပြန်လာခဲ့ ပေး hyung..."

ဆိုင်ပြင်လူသွားလမ်းပေါ်က သူနဲ့ ဆိုင်ထဲက Hyung ကြား မှန်ကြည်တစ်ချပ်သာခြားသည်မို့
Hyung မျက်ခုံးတွေ တွန့်ချိုးသွားတာ ရှင်းရှင်းလင်းလင်းမြင်နေရသည်....

❤❤ငြိတွယ်❤❤...(💓ငြိတွယ်💓)Dove le storie prendono vita. Scoprilo ora