Part-14 ( End )

2.3K 227 63
                                    

မနက်​ခင်းရဲ့ ​နေ​ရောင်​ခြည်​က မှန်​ပြတင်းက​နေတစ်​ဆင့်​ ထိုး​ဖောက်​၀င်​လာတဲ့အခါ

"ဒုက္ခပါပဲ ​နောက်​​တောင်​ကျပြီလားမသိ"

ကမန်းကတန်းထရင်း နံရံကပ်​နာရီကြည့်​လိုက်​​တော့ မနက်​ဆယ်​နာရီ

ညက အိပ်​မ​ပျော်​ပဲ လင်းခါနီးမှ အိပ်​​ပျော်​သွားခဲ့တာ​ကြောင့်​လည်းပါသည်​။

Doctor Park ​ဆေးရုံကို သွားဖို့ Baekhyun နဲ့ ချိ​န်းထားတာက ဆယ့်​တစ်​နာရီဆို​တော့ အချိန်​သိပ်​မကျန်​​တော့

အိပ်​ရာ​ပေါ်က​နေဆင်းလိုက်​​တော့ ​ဘေးကစားပွဲကို လက်​နဲ့တိုက်​မိပြီး စာ​ခေါက်​တစ်​ခုက ပြုတ်​ကျသွားကာ ​ခြေမျက်​စိနားမှာ

Kai စိတ်​ရှူပ်​စွာနဲ့ ဆံပင်​​တွေဖွလိုက်​ပြီး သူ့​ခြေ​ထောက်​​အောက်​က စာရွက်​ကို ဖွင့်​ကြည့်​​တော့ ​ပြေစာတစ်​​စောင်

သူအရင်​က Sehun Bank Acc ထဲ လွှဲ​ပေးသမျှ ​ပိုက်​ဆံအားလုံး တစ်​ပြားတစ်​ချပ်​မှ မ​လျော့ပဲ သူ့ Acc ထဲ ပြန်​လွှဲ​ပေးထားခြင်းပင်

အခန်းထဲမှာလည်း Sehunရဲ့ အသုံးအ​ဆောင်​​တွေ မရှိပဲ ရှင်းလင်း​နေခဲ့သည်​။

မှတ်​ထားသည့်​ နံပတ်​တစ်​ခုကို ဆက်​သွယ်​ကြည့်​​တော့ လုံးဝဆက်​သွယ်​၍ မရ​တော့

Sehun ထွက်​သွားပြီလား

သူ့​မေးခွန်း သူပြန်​မ​ဖြေနိုင်​ခင်​မှာပဲ ရင်​ဘတ်​တစ်​ခုလုံး ပူ​လောင်​လာသည်​။

" ဟင့်​အင်း ... မဖြစ်ရဘူး ... မင်း ဘယ်​ကိုမှ ထွက်​သွားလို့မရဘူး Sehun ... ငါမင်းဆီက အကုန်​ပြန်​မရ​သေးဘူး "

ပြေစာ စာရွက်​ကို နာကျင်​စွာ ဆုပ်​ကိုင်​ရင်း သူအရူးတစ်​​ယောက်​လို ရွတ်​​နေမိရင်း

တစ်​ချိန်​က Sehun တန်​ဖိုးဖြတ်​ခဲ့သည့်​ မင်းပိုင်​ဆိုင်​သမျှအရာအားလုံးဆိုတာ အခုမှ သူ ​ကောင်း​ကောင်း နားလည်​လာခဲ့သည်​။

သူ Sehun ကို ​ပေးခဲ့တဲ့ထဲ အ​ပေါ်ယံပိုင်​ဆိုင်​မှူ​တွေသာမကပဲ

Venus Flytrap  ( Book 1 )Where stories live. Discover now