Part-2

1.8K 247 25
                                    

" Sehunနှင့် ခင်ဗျား ဘာမှမပတ်သက်ခဲ့ဘူးဆိုတာ သေချာလား"

ကျနော် ဒီမေးခွန်းကို မေးနေတာ ဆယ်ခွန်းမကတော့ဘူး … စိတ်တိုဖို့ကောင်းလိုက်တာ … ဒီလူနားကန်းနေတာလား… စာရွက်တွေလှန်လှော်စစ်နေရင်းက တစ်ချက်တောင်မှ မော့မကြည့်တာ ပြန်ဖြေဖို့ဆိုတာ အဝေးကြီး

"Park Chanyeol"

"ဒီမယ် Kim Kai…ကိုယ်မင်းထက် ငါးနှစ်ကြီးတယ်နော် …မင်းနဲ့ရွယ်တူလိုမဆက်ဆံပါနဲ့… ဒါ ကိုယ့်ဆေးရုံ ပြီးတော့ မင်းမြင်တဲ့အတိုင်း ကိုယ်အလုပ်ရှုတ်နေတယ် … မင်းသိချင်ရင် အလုပ်ဆင်းချိန်လာခဲ့"

ကျနော် သူ့ကို မျက်စောင်းထိုးပြီး လှည့်အထွက် အခန်းထဲကို ဝင်လာတဲ့ Duty Coat အဖြူဝတ်ထားသည့် ဒေါက်တာချောချောလေးတစ်ယောက်နဲ့ ထိပ်တိုက်တိုးသည်။
ဘယ်လောက်ပဲ မမြင်ချင်ယောင်ဆောင်နေပါစေ ယောက်ျားချင်းကြီး မျက်လုံးကျွတ်ကျမတတ် အကြည့်ခံရတာ နည်းနည်းတော့ အနေရခက်စေတာပေါ့

" ဟိုလေ … Jonginရဲ့ Hyung ဆိုတာလား"

မမြင်ချင်ယောင်ဆောင်ထားသည့်ြှကားက ကိုယ့်ကို လက်ဆွဲပီး မေးလိုက်တော့ အောင့်သက်သက်နဲ့ ခေါင်းညိမ့်ပြလိုက်သည်။

"တော်တော်တူတယ်နော်… ဒီလောက်ထိတူမယ် မထင်ထားဘူး"

ကျနော့်ရဲ့ ပါးကို ရုတ်တရက်ကြီး သူ့လက်ဖဝါးနဲ့ ထိလိုက်တော့ လန့်သွားပေမဲ့လည်း ထို ဆရာဝန်ရဲ့ ဆွေးမြေ့နေတဲ့  မျက်ဝန်းတွေက…ပါးပြင်ပေါ် ညင်သာစွာထိတွေ့နေတဲ့ လက်တွေကို မဖယ်ရှားစေပဲ ငြိမ်ခံနေမိအောင် စိတ်ကိုချုပ်တီးထားစေပြန်သည်။

"Kim Jongdae … အလုပ်ချိန်မှာ အလုပ်ကိုပဲ အာရုံစိုက်တာလိုချင်တယ် "

အနောက်က Chanyeol ရဲ့ အသံကြောင့် Jongdae ဆိုတဲ့ ဆရာဝန်ပေါက်စက ကျနော့်မျက်နှာပေါ်က သူ့ လက်တွေကို အလျင်အမြန် ဖယ်ရှားသွားပီး မျက်မှန်ကို ကိုင်းပင့်လိုက်ကာ သူယူလာသည့် စာရွက်စာတမ်းတွေကို Chanyeol စားပွဲပေါ်တင်သွားပီး ချက်ချင်းပဲ အခန်းပြင် ပြန်ထွက်သွားသည်။

"ကိုယ်နဲ့လိုက်ခဲ့"

ခုနကပဲပြန်ဆိုပြီး နှင်ထုတ်ထားပြီး အခုကျ ချက်ချင်း လက်ကို ဆွဲကာ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားသည့် Chanyeolနောက် သူဆွဲခေါ်ရာအတိုင်း ကျနော် တရွတ်တိုက်ပါသွားသည်။

Venus Flytrap  ( Book 1 )Where stories live. Discover now