Part-13

1.2K 186 17
                                    

"Hyung ... ကူညီပါ​နော်​ Chanyeol က Hyung သူငယ်​ချင်းပဲ ... ကျ​နော်​တို့ အဆုံးထိ Sehun အတွက်​ လက်​မ​လျော့ပဲ ဆက်​သွားရ​အောင်​​နော်​ "

Sehunအတွက်​ Serious ဖြစ်​လွန်း​နေတဲ့ Jongdaeကို Jun Myeon ကြည့်​လိုက်​ရင်း

"မင်း Sehun အတွက်​ ဒီ​လောက်​ထိ စိတ်​ပူလိ​မ့်​မယ်​ မ​ထင်​ထားဘူး ... မင်း သူ့ကို စိတ်​မနာဘူးလား"

"သူက တစ်​ချိန်​က ကျ​နော့်​ရဲ့ အချစ်​ဦးပဲ​လေ ... အခုလို ​သေ​တော့မလို ဖြစ်​​နေတဲ့ အ​ခြေအ​နေမှာ ကျ​နော်​က ဆရာဝန်​တစ်​​ယောက်​ မပီသစွာ အ​ငြိုး​တေးထား​နေရမှာလား"

ဒီ​တော့မှ Jun Myeon တုန်​လှူပ်​သွားပြီး

"ဘာ​ပြောတယ်​ ... ​ရောဂါက အခုမှ အစပျိုးတာ မဟုတ်​ဘူးလား"

Jongdae သူ ယူလာတဲ့ ​ဆေးစာရွက်​​တွေကို Junmyeon ဆီ လွှဲ​ပြောင်း​ပေးလိုက်​ကာ

"တခြားသူတစ်​​ယောက်​ဆို အခုအ​ခြေအ​နေက ကုသရင်​မှီဦးမလား မသိ​ပေမဲ့ Sehunက သူနာကျင်​ရတဲ့ ​ဝေဒနာ​တွေ သက်​သာဖို့ ​ထုံ​ဆေး​တွေ အိပ်​​ဆေး​တွေ အသုံးပြုထားတဲ့အပြင်​ သူ့​ရောဂါအတွက်​ လုံးဝမသုံးသင့်​တဲ့ အကိုက်​အခဲ​ပျောက်​​ဆေး​တွေအထိပါသုံးထားတယ်​ ... အဲဒီ​ဆေး​တွေက တရားမ၀င်​​ဆေး​တွေ ဘိန်း​တွေလိုပဲ ယာယီအားဖြင့်​ နာကျင်​မှူ​တွေ သက်​သာ​စေ​ပေမဲ့ အချိန်​ကြာလာတာနဲ့အမျှ ​ဆေးစွဲလာပြီး ဆက်​အသုံးမပြုရင်​လည်း ​သူပဲအလူးအလဲခံရမှာ ... အသုံးပြုရင်​လည်း ​သေမဲ့​နေ့ထိုင်​​စောင့်​ခိုင်းသလိုဖြစ်​​နေပြီ... အခုချိန်​​ဆေးဖြတ်​ပြီး ကျ​နော်​တို့​ဆေး​တွေနဲ့ကုသရင်​​တောင်​ သူ ​နာကျင်​မှူ​တွေ မခံစားနို​င်​​လောက်​​ဘူး ..."

Jongdaeဆီက Sehun အ​ကြောင်း သိလိုက်​ရချင်းပင်​ Jun Myeon မှိုင်​ကျသွားခဲ့သည်​။

"အခုချိန်​မှ​ရော ငါတို့​ကုသလို့ သူ့ခန္ဓာကိုယ်​ထဲက ကင်​ဆာဆဲလ်​​တွေက ငါတို့​ဆေး​တွေကို လက်​ခံနိုင်​ပါဦးမလား .. အဲဒီ​ အန္တရာယ်​များတဲ့ ​ဆေး​တွေသုံး​လာခဲ့တာ သူ့ကိုယ်​သူ ​သေ​ကြောင်းကြံ​စည်​​နေခဲ့တာ မဟုတ်​ဘူးလား"

Venus Flytrap  ( Book 1 )Where stories live. Discover now