Part-12

1.6K 217 42
                                    

"မင်းရှာခိုင်းထားတဲ့ အရင်တုန်းက Oh Sehunနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေက ဒါအကုန်ပဲ"

Baekhyun ပြောရင်း Kai လက်ထဲကို ထည့်ပေးလိုက်သည်။

မီဒီယာတိုက်တွေက ထုတ်ဝေတဲ့ သတင်းစာစောင်တွေ … မဂ္ဂဇင်းတွေထဲက Sehun အပိုင်းအချို့နှင့် တစ်ချို့သတင်းတွေက internet ကရှာထားတွေ print ထုတ်လာပြီး Dateအလိုက် Fileထဲစုညှပ်ပြီး တစ်စုတစ်စည်းထဲ သေသေသပ်သပ် လုပ်ပေးထားသည်။

Kai ဖတ်ရင်း မျက်မှောင်ကျုံ့လိုက်ကာ တစ်ချို့အကြောင်းအရာတွေက ဖတ်နေရင်း ကြက်သီးထလောက်အောင်တောင် ဆိုးရွားလွန်းလှသည်။

ဒါကြောင့် လူတိုင်းက သူ့ကို Sehunနဲ့ လက်ထပ်ဖို့ ကန့်ကွက်ခဲ့ကြတာဖြစ်မည်။

"Baekhyun … ဒီ New Star ဆေးCompanyက CEOနဲ့ Hotelမှာ အတူတူအိပ်ခဲ့တဲ့ ကိစ္စက သူကိုယ်တိုင် တစ်ကယ်ပဲ ဝန်ခံခဲ့တာလား"

"အဲနေ့က သတင်းစာရှင်းလင်းပွဲ Video ငါ မင်းကို ပို့ပေးထားတယ်…"

Kai ချက်ချင်းပဲ သူဖုန်းကို ဖွင့်ကြည့်လိုက်သည်။

"Oh Sehun shi … ကျမတို့ကို ဖြေပေးပါ … အဲဒီနေ့ညက သူဌေးဂင် မူးနေပြီး အသိစိတ်ပျောက်နေတာကို Sehunဘက်က အခွင့်ရေးယူပြီး အသုံးချခဲ့တာကြောင့် အခုလိုအမှားတွေဖြစ်လာတာပါလို့ သူဌေးဂင် ဘက်က ဖြေထားပါတယ် … ဒီကိစ္စနဲ့ပတ်သက်ပြီး သူဘာမသိတာကြောင့် သူ့မိသားစုကိုလည်း တောင်းပန်ထားတယ်လို့ သိရပါတယ်…အဲဒါအမှန်ပဲလား"

"သူပြောတဲ့အတိုင်းပါပဲ"

Sehunဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး ငြင်းဆန်မည်ထင်ထားကြသော သတင်းထောက်များ လုံးဝမမျှော်လင့်ထားသော အဖြေကြောင့် ပွတ်လောရိုက်သွားကြသည်။

"ဘာလို့ ဒီလိုလုပ်ခဲ့တာပါလဲ… အရင်ထဲက Sehunဘက်ကစပြီး သူဌေးဂင်အပေါ် စိတ်ဝင်စားတာမျိုးတွေ ရှိခဲ့လို့လား"

"သူဌေးဂင်ရဲ့ မိသားစုကိုရော အဲဒီညက အမှားအတွက် တောင်းပန်သွားမှာလား"

"ဘာလို့ ဒီလိုလုပ်ခဲ့တာလဲ "

"  သူဌေးဂင်ဘက်က သူ့ကို အကျပ်ကိုင်ပြီးငွေညှစ်ခဲ့တာတွေအတွက် တရားစွဲသွားမယ်လို့ သိရပါတယ် အဲဒီကိစ္စရော ဘယ်လိုဖြေရှင်းမယ်လို့ စိတ်ကူးထားပါသလဲ"

Venus Flytrap  ( Book 1 )Where stories live. Discover now