Part-8

1.4K 223 40
                                    

"ကျနော့်ကို အမှန်တိုင်းပြောပြပါ ခင်ဗျား Ni Ni ကို လှည့်စားခဲ့တာမလား"

"မင်းရော ကိုယ့်နေရာမှာဆိုရင်ရော…မင်းရော ဘာလုပ်မှာလဲ…ကိုယ်သူ့ကို လှည့်စားခဲ့တာမဟုတ်ဘူး…မသိသင့်တဲ့ အရာတစ်ခု အသိမပေးခဲ့တာပဲ ရှိတယ်…ဟုတ်တယ် မင်းပြောတာ မှန်တယ် Kai…သူ ချစ်ခဲ့တာ ကိုယ်မဟုတ်ဘူး …အဟက် …ဒါပေမဲ့ သူအမြဲတမ်း ကိုကို့ ကိုချစ်တယ်လို့ပဲ ပြောခဲ့တယ် ဒါက သိသိကြီးနဲ့ ဘယ်လောက်အခံရခက်ခဲ့သလဲ…"

အတိတ်ကို ပြန်သတိရသွားသယောင်

သူ့မျက်ဝန်းထဲ မျက်ရည်တွေပြည့်လျှံနေခဲ့တယ်

"ကျနော်က ခင်ဗျားမဟုတ်လို့ ခင်ဗျားကို ကိုယ်ချင်းစာပေးနိုင်မှာ မဟုတ်ဘူး … ဒါပေမဲ့ ကျနော် နာကျင်တာ ကျနော်ပဲသိတယ်"

"ကိုယ် သူ့ကို တစ်ကယ်ချစ်ခဲ့တာပါ… သူ့ကို ရှင်းပြချင်ခဲ့တယ် သူမသိသေးတဲ့ အကြောင်းအရာတွေ…ဒါပေမဲ့ အခွင့်ရေးမရခဲ့ဘူး…သူနှင့် Sehun စပီး သိခဲ့တဲ့အချိန်ကစလို့ နေ့ရက်တိုင်းက လည်ပင်းကို ဓားထောက်ခံထားရသလို ခံစားချက်မျိုးနဲ့  ရှင်သန်လာခဲ့ရတယ်…မနက်ဖြန်တွေကို သိပ်ကြောက်ခဲ့တယ်…သူသာ စိတ်ချမ်းသာမယ်ဆိုရင် စွန့်လွှတ်ဖို့အထိ ဆုံးဖြတ်ထားပေမဲ့ အမှန်တရားက ပြောထွက်ဖို့ခက်ခဲနေတယ်…"

"အဲဒါ ဆင်ခြေတွေပဲ…ခင်ဗျားက သိပ်အတ္တကြီးတယ်…Chanyeol … အခုရော ဘာတွေဆက်ပြီး ဖုံးကွယ်ထားသေးလဲ"

Chanyeol သူ့မျက်နှာကို လက်ဖဝါးနဲ့အုပ်ပြီး ထိုင်ခုံပေါ်ကို စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။

"ကိုယ်မေးတာအမှန်တိုင်းဖြေပေးပါ…Sehunကို ရွေးချယ်ခဲ့တာ Jonginကြောင့်လား…ဒါမှမဟုတ် မင်းကိုယ်တိုင်က သူ့ကိုလိုချင်ခဲ့တာလား"

"ဘာအတွက်လဲ…ဒီကိစ္စက အရေးကြီးလား"

"သိပ်ကိုအရေးကြီးတာပေါ့ …  မင်း အဖြစ်မှန်တွေသိရဖို့ဆို ဒီအဖြေက မင်းအတွက် သော့တစ်ခုပဲ"

ကျနော် ဘာကြောင့်သူ့ကို လက်ထပ်ချင်ခဲ့တာလဲ

Jongin ကြောင့် သူ့အပေါ်မကျေနပ်ခဲ့ခြင်းတွေရှိခဲ့ပေမဲ့ ကျနော်ကိုယ်တိုင်က သူ့ကို ကျနော်ကြိုးဆွဲရာကမဲ့ ကိုယ်ပိုင် အရုပ်လေးတစ်ရုပ်ဖြစ်စေချင်ခဲ့တာလည်း ပါဝင်ခဲ့သည်။ ကျနော် သူ့ကို တခြားသူတွေလိုပဲ မြင်ခဲ့သည်။ မုန်းတီးခဲ့သည်။ရွံရှာခဲ့သည်။အနိုင်လိုချင်ခဲ့သည်။ဒါပေမဲ့ သူနဲ့ ပတ်သက်ပြီးအချိန်ကစလို့ အဲဒီအရာတွေက တဖြည်းဖြည်း မှေးမှိန်သွားသလို ခံစားခဲ့ရသည်။

Venus Flytrap  ( Book 1 )Where stories live. Discover now