" မလိုက်တော့ဘူး မားသားကြီးက ဆိုင်ထိုင်ခိုင်းထားတယ် ဆိုင်ထိုင်မှ ဘတ်ဂျက်ရမှာ "

သနားစရာသူ့ဘဝ ပါးစပ်ကသာပြန်ပြောတာ မျက်လုံးက phone ကနေမခွာနိုင်

" အဲ့တာဆိုလဲ plan ဖျက်လိုက်တော့လေ စုတို့လဲမလိုက်ဘူး လူကလဲနည်းနေပြီကို "

" ပြီးရောလေ ကျော်ထက်ရေဘူးပေး "

" ရော့ "

ဇွဲကောင်းခန့်က ကျော်ထက်သောက်နေသောရေဘူးကလက်ကလှမ်းအယူ

ကျော်ထက်ကဘေးစောင်းနေရာမှလက်လှမ်းအပေး
ကြားထဲကစုစံက ဇွဲကောင်းခန့်ကိုမျက်နှာလုပ်ချင်ဇောနဲ့ ဝင်အယူ

သူတို့လက်ကြားလောက်နားမှာ ထိုင်နေတဲ့ဝတ်ရည်က ph ပြောမလို့ အပြင်ကိုထအသွား

ရေဘူးနဲ့လက်တွေနဲ့ အခြေအနေတွေရှုပ်ပြီး တိုက်ပွဲတွေဖြစ်ကုန်သည်

တိုက်ပွဲကြားထဲကရေဘူးက လွှင့်ပြီး ပြတင်းပေါက်နားမှာ တစ်ယောက်တည်းထိုင်နေတဲ့ကောင်လေးစီအလည်ရောက်သွားတော့သည်

ဟာ...သွားပြီ

ဘုန်း...

ဂိုဂိုငေးမောတွေဝေနေတုန်း ကျောပြင်ကိုလာမိတ်ဆက်တာက ရေဘူးကြီး

ပထမတော့ဘာမှန်းမသိ ကျောကုန်းကို တစ်ခုခုလာရိုက်သလိုပဲခံစားလိုက်ရသည် ပြီးမှကြမ်းပြင်ပေါ်ကရေဘူးကိုမြင်လိုက်ခြင်း

အွန့် ခနဲအသံတောင်ထွက်သွားသည်

နာလိုက်တာ

ဘယ်သူလုပ်တာလဲဆိုပြီးနောက်လှည့်ကြည့်တော့ ဟိုသာလိကာအဖွဲ့

သူလှည့်ကြည့်တာမြင်မှ ခေါင်းကုတ်သူကုတ် လွယ်အိတ်ထဲရှာတဲ့သူကရှာနဲ့ အလုပ်ရှုပ်ကုန်ကြသည်

ဘာလဲ တောင်းပန်ဖို့တောင်စိတ်ကူးမရှိကြတာလား

ဒေါသထွက်ပြီး ထသွားကာ သွားပြောရင်ကောင်းမလား

သို့သော်လဲ ရန်ကတစ်ခါမှဖြစ်ဖူးတာမဟုတ်

ငြိမ်ငြိမ်ပဲနေလိုက်ရင်ရော ကောင်းမလား

ကျောကုန်းကတော့တော်တော်နာသွားသည်

ဇွဲကောင်းခန့် သူတို့ကို ဒေါသတကြီးနဲ့လှမ်းကြည့်နေသောကောင်လေးဆီသွားလိုက်သည်

My chaos Where stories live. Discover now