တစ်ခါတစ်လေလေး တိုက်တိုက်ဆိုင်ဆိုင်တွေ့တာ နှုတ်ဆက်ရမည်မလား...

အအေးဘူးယူနေတဲ့ ပုတုတုလေးတို့ နှစ်ယောက်အနားသို့သွားပြီး ချောင်းဟန့်လိုက်သည်...

"အဟမ်း အဟမ်း"

"ဪ JongIn Hyung...
မုန့်လာဝယ်တာလား"

အအေးဘူးယူနေတဲ့ Chenက ကျွန်တော့အသံကို ကြားလို့ထင်ပါရဲ့ လှည့်ကြည့်ပြီး နှုတ်ဆက်လာလေသည်...

"ဟုတ်တယ် Chenရဲ့ မင်းတို့ရော မုန့်လာဝယ်တာလား"

အခုမှ ကျွန်တော်တို့ဘက် လှည့်လာသော ပုတုတုလေး...

"ဟုတ်ကဲ့ Hyung"

Chenက ရယ်ပြပြီး စကားပြောနေပေမယ့် ပုတုတုလေးကတော့ ဒီအတိုင်းရပ်ကြည့်နေသည်...

"ပုတုတုလေးက စကားတောင်ပြန်မပြောဘူး"

"ခွီ..အာ miyan miyan"

Chenဆီမှ ခွီ ခနဲ အသံတစ်ချက်ထွက်လာလေ၏...

"ဘယ်သူ့ကိုခေါ်တာလဲ ပုတုတုလေးလို့"

"ပုတုတုလေး မင်းကိုလေ"

"ဂါးး ကျွန်တော့ နာမည် KyungSoo...
ပုတုတုလေး မဟုတ်ဘူး...
ခင်ဗျားကတော့နော်"

နှုတ်ခမ်းထော် မျက်ထောက်နီနဲ့ ကျွန်တော့ကို ရန်တွေ့နေတဲ့ပုံလေးက ကြောက်စရာမကောင်းပဲ ချစ်စရာကောင်းနေသည်...

ကျွန်တော် KimJongInဆိုသည်မှာလည်း ပုတုတုလေးDoKyungSooက ဘာလုပ်လုပ် ဘယ်လိုနေနေ ချစ်ဖို့ကောင်းတယ်လို့ကို မြင်နေတာ...

"ဟာ ဟာ အကြီးကို ခင်ဗျားတဲ့...ငရဲကြီးတော့မှာပဲ ပုတုတုလေးကတော့"

"ကျွန်တော့ နာမည် KyungSoo...
ပုတုတုလေးလို့ မခေါ်နဲ့ မကြိုက်ဘူးဆို"

မျက်မှောင်လေးတွေကျုံ့ထားသည်မှာလည်း တွံ့ချိုးလို့..

"ကိုယ်က မင်းနာမည် KyugSooဆိုတာကို သိပါတယ်ကွာ...
ပုတုတုလေးလို့ ချစ်စနိုးနဲ့ ခေါ်တာကိုစိတ်ဆိုးနေတယ် Haha"

"ကိုယ်တဲ့...
ချစ်စနိုးနဲ့တဲ့ အဟမ်း အဟမ်း"

ဘေးနားက Chenမှ ချောင်းတစ်ချက်ဟန့်ပြီး စလေတော့ Chenဆီကို မျက်စောင်းတစ်ချက် ပစ်ကျွေးလိုက်သည်မှာ လန့်စရာ...

Obviate Difficulties By LoveWhere stories live. Discover now