အပိုင်း ၂၆

32.1K 4.1K 132
                                    

"မော့...မျက်လုံးကို အပေါ်ကိုကြည့်လေ"

P'Na ၏ မကျေမနပ်သံ။ တုပ်တုပ်မှ မလှုပ်ရဲ။
ပဒိုင်းသီးတော့ ဘယ်လိုနေမည်မသိ။ ကိုယ်က နဂိုအသား ညိုစိမ့်စိမ့်ဖြစ်နေသူမို့ မျက်ဝန်းညိုနေ
သည်မှာ ပို၍ ကြည့်ရဆိုးနေသည်။ Make up
က Natural ကို ယူထားပေမယ့်လည်းမျက်ဝန်းအညိုတော့ မခံ။

"Moment ထုတ်ချင်လည်း လူသိထင်ရှားဖြစ်မှာ
ထုတ်ကြ...ခု လူမသိသူမသိသေးခင် မထုတ်နဲ့
ညက နှစ်ယောက်သားမအိပ်ဖြစ်လို့ ဘာညာဂျင်း
လောက်ကို ငါတို့က ရင်မခုန်ဘူး"

"Oh P..."

သံရှည်စွဲကာ ခပ်တိုးတိုးချွဲမှ မျက်စောင်းကျိတ်ထိုးသည်။

"ငါ ကြိုတင်မမှာထားဘူးလား Nong Rain...
အိပ်ရေးဝဝ သေချာအိပ်။ အိပ်ရင်လည်း မှောက်
ရက်မအိပ်မိစေနဲ့က အစ အသေးစိတ်ငါမှာတယ်
Make up လိမ်းလိုက်တာနဲ့ လှသွားမယ်မထင်
နဲ့...Idolတွေဆိုတာ without make up
နဲ့တောင် ပြည့်စုံနေရမယ်...Shooting စရင်
အိပ်ရေးပျက်မှာတွေနဲ့ အခုတည်းက အိပ်ချိန်
စားချိန်မှန်ထားမှ ဟိုမှာ ပျက်မယ့်ရုပ်ကို နည်းနည်းခံသာထားမှာပေါ့...ပရိသတ်ကို Make up ဖုံးပြီး ချောလိုက်တာ လှလိုက်တာ
ဆိုပြီး ဂျင်းမထည့်နဲ့...သဘာဝအတိုင်းလည်း
ပြည့်စုံနေတာ ငေးကြည့်ရတာတင် တန်နေပြီ
ဆိုတာမျိုးဖြစ်နေအောင် နေထိုင်ရမှာ။ ဒါကို
ပေးဆပ်တာလို့ ခေါ်တယ်။ ကြားလား။ Make
up ဖုံးလိုက်ရင် မသိသာပါဘူးဆိုပြီး  ပေါ့ပျက်ပျက်မနေစမ်းနဲ့"

လူက အိပ်ရေးပျက်ရသည့်အထဲ နားတွေပူရ
သဖြင့်စိတ်က သိပ်မကြည်ချင်တော့။ သို့သော်
လည်း Commu တန်းက ဆရာပြောသလို ကိုယ့် အပြစ်ပြောခံနေရရင်တောင် စိတ်ပါလက်ပါပြုံး
ပြနိုင်မှ အောင်မြင်မှာဆိုသလို ပြုံးသာပြုံးထား
လိုက်ရသည်။ တကယ်ပဲ စိတ်ပင်ပန်းပါတယ်။
မိဘနဲ့နေတုန်းကတောင် ဒီလိုတွေ ပြောဆိုခံရတာ
မှ မဟုတ်တာ။ အခု ကိုယ့်ခန္ဓာပါ မက ကိုယ့်စိတ်
ကိုယ်ပါ ကိုယ် မပိုင်တော့သလိုပင်။

သူလိုချင်သော ပုံရသည်နှင့် ပုခုံးကို တစ်ချက်
ဖြောင်းခနဲရိုက်ကာ ထွက်သွားသည်။

"ငါ့ ကလေး ကို အလှဆုံးပြင်ပေးရဦးမယ်" ဟု
ပြောသွားသေး။

Setting ခန်းထဲတွင် Lighting ဆင်တာတွေ
Audio Engineer Teamနှင့် Setting
Engineer နှင့် ပြောဆိုငြင်းခုန်နေကြသံများ
နှင့် မနက်၅နာရီထိုး နေမထွက်ခင်တည်းကတက်ကြွနေကြရ၏။

PRO ||Season One||Where stories live. Discover now