အပိုင်း ၁၄

37.2K 4.7K 392
                                    

"ငါတောင်းပန်ပါတယ် ပယင်း။ အမှန်တော့ငါ
ကြိုပြောထားရမှာ"

"ဟင့်အင်း ရတယ်"

သူ၏ လက်ကိုသာ တင်းတင်းဆုပ်ကိုင်ရင်း
မျက်ရည်တိတ်တိတ်ကျသည်။ သနားသည်။
မနေ့တစ်နေ့ကမှ ပြန်လည် နက်မှောင်နေသော
ဆံစတွေကို ခပ်ဖွဖွထိတွေ့မိရင်း သက်ပြင်းမော
ကိုချရ၏။

"နင် ငါ့ကို ယုံမှ ဖြစ်မယ်နော် ပယင်း။ တစ်လောကလုံး ငါ့ကို ဘာတွေပြောပြော ဘယ်လိုထင်ထင် နင် တစ်ယောက်တော့ ငါ့ကို
ယုံပေးမှ ဖြစ်မယ် သိလား ငါပြောတာ"

မော့ကြည့်သည်။ ခေါင်းငြိမ့်ပြ၏။

"တီတီကတော့ စိတ်မကောင်းဖြစ်နေတယ် ညီ။
သူတားတဲ့ ကြားက နင် လုပ်လိုက်လို့။ Maeနဲ့
ကျန်တဲ့ အဒေါ်တွေတော့ မသိသေးပေမယ့် သိ
ရင် စိတ်ကောင်းကြမှာ မဟုတ်ဘူး။"

"အားလုံးကောင်းဖို့ အတွက်ပဲ"

"ရောက်ပြီ အစ်ကို"

Taxiသမားသတိပေးမှ ပတ်ဝန်းကျင်ကို သတိ
ထားမိသည်။ သူတို့ နေရမည့် Dormသည်
သီးသန့်ခြံဝင်းတစ်ခုထဲရှိ တိုက်တန်းတစ်ခုပင်။

အိမ်ရာဝင်းတစ်ခုလုံးကို Ent ကဝယ်ထားပြီး
ဒီထဲတွင် Studioတွေ Setting Room
တွေနှင့် သူတို့ Entမှ Campဝင်နေသည့်
Rookieတွေ အတွက် Dormတွေ ရှိသည်။

"အထဲထိ လိုက်ခဲ့လေ ပယင်း"

ခေါင်းခါသည်။ သူ သက်ပြင်းချကာ ပွေ့ဖက်မိ
သည်။ နောက်ဆုံးအချိန်ထိ သူ့ဘေးမှာ ရှိနေ
ပေးမည့် ထိုမိန်းကလေးအတွက် သူစိတ်မကောင်း

"အားလုံးနဲ့ အဆင်ပြေအောင်နေနော် ညီ။ လိုက်
လျောညီထွေဖြစ်အောင်နေ။ ပြီး...ပြီးတော့ ငါ့ကို
လည်း အဆက်အသွက်မဖြတ်ထားပါနဲ့နော်"

"စိတ်ချပါ ဟာ။ အထဲ လိုက်မလား။ ငါတို့ အဖွဲ့
ထဲက လူတွေနဲ့ မိတ်ဆက်ပေးမယ်။ ရောက်လာ
လောက်ပြီ ထင်တယ်"

"ဟင့်အင်း နေပါစေ။ နောင်လည်း တွေ့ရမှာပဲ"

"အင်း အိမ်ရောက်ရင် Messageပို့လိုက်နော်"

"အင်း။ ညီ ဘာဖြစ်ဖြစ် ငါ့ကို ပြောနော်"

ထွက်ခွာသွားသည့် Taxiကားပေါ်မှ နေ၍ နောက်ပြန်လှည့်ကြည့် နေသော မျက်ရည်စိုမျက်
နှာ။

PRO ||Season One||Where stories live. Discover now