ခုချိန်လောက်ဆို အားလုံး ညနေစာ စားပြီး
လောက်ပြီမို့ တစ်ယောက်တည်းထိုင်မစားချင်တော့ဘူး။Cardပေးပြီးတန်းစီတော့ စားဖိုဆောင်တာဝန်
ခံသည် ထမင်း၊သုံးထပ်သားနှင့် အစိမ်းကြော်
ထည့်ပေးထားသော ပုံစံခွက်အား ဆုချီးမြှင့်သလို
ကမ်းပေးသည်။"Oh! ဒီနေ့ ညစာ ထမင်းစားခွင့်ရတာလား"
"ဂုဏ်ယူပါတယ် Rain"
Personal Trainer တွက်ချက်ပေးထား
သော Planပြည့်တောင်ပြည့်သွားပြီလား။နှစ်လနီးပါး ထမင်းဆိုတာကို သေချာမစားခဲ့ရ၍
ကိုယ် တကယ်ပျော်သွားပြီ။ နောက်တစ်ခု
ကိုယ် သုံးထပ်စားအကြိုက်ဆုံးဟု Question
ဖြည့်တုန်းက ပြောပြထားပြီးသား။ ဒါဆို
Diet Plan ရဲ့ ပထမ အောင်မြင်ခြင်းမှာ
ကိုယ်ကြိုက်တာ စားခွင့်ပေးတဲ့ သဘောပေါ့။
ဒီကလူတွေကတော့ တကယ့်လူတွေပင်...Anyway Today is Lucky Dayပဲ...
မြူးတူးနေတဲ့ စိတ်က အခန်းထဲရောက်မှ...
"what အဲ..."
မဆဲမိအောင် ကိုယ့်ပါးစပ် ကိုယ် ပြန်ပိတ်ရင်း
နှာခေါင်းကိုပါ တစ်ခါတည်း ပိတ်ရသည်။ ရေခဲသေတ္တာတစ်ခုလုံး ဒူးရင်းသီးနံ့တွေ။ ဒါတောင် အလုံးလိုက်မဟုတ်။ ရေခဲမုန့် ပင်ဖြစ်
သော်လည်း စူးရှမှုက ပြင်းထန်သည်။ကိုယ်အနံ့လုံးဝ မခံနိုင်။
တရားခံက တခြားရှာစရာမလို ဝရန်ဒါတွင် ခြေ
ထောက် ချိတ်ရင်း ဂစ်တာတီးနေသူက အခန့်သားရှိနေပြီးသား။"ညီ...မင်း ရေခဲမုန့်ကို အမြန်ကုန်အောင်စား
မှာဖြင့် စား။ Freezer ထဲမှာ အနံ့တွေစွဲကုန်
မယ်...ဘယ်လိုတောင် နံ့စော်နေတာလဲ"ခပ်အေးအေးပင် ပြန်မော့ကြည့်သည်။ ဂစ်တာကို
ဘေးထောင်ခဲ့ပြီး Freezerဆီသွား၏။
ဘောင်းဘီအတိုနှင့်မဟုတ်ဘဲ ပုဆိုးဝတ်ထားသည်
ကို သတိထားမိသည်။ ပုဆိုးက ထည်ထည်ဝါဝါ
တော့ ရှိမနေ။ အနီရောင် အကွက်တချို့မှာ အရောင်ပြယ်ချင်နေပြီဖြစ်သည်။ ဗူးကိုင်ပြီးဝရန်ဒါ
ပြန်ထွက်လာတော့ ကိုယ် အခန်းထဲအမြန်ပြန်ဝင်
ပြီး Slide Door မှန်တံခါးချပ်ကို ဆွဲပိတ်လိုက်သည်။
YOU ARE READING
PRO ||Season One||
RomanceBL Romance,Drama and other age limited feelings အချစ်ဆိုတာ PROဆန်စရာလည်းမလိုပါဘူး နောက်ပြီး ကိုယ့်အချစ်က ကောင်းလှချည်ရဲ့ဆိုပြီး PROmotion ဆင်းပြီးချခင်းပြစရာလည်း မလိုပါဘူး။ ဒါဆို တကယ်တမ်း ဘာလိုအပ်တာလဲ?