အပိုင်း ၁၃

37.8K 4.5K 177
                                    

"တတိယအဆင့် အောင်မြင်တဲ့ အတွက်ဂုဏ်
ယူပါတယ်။ Main Couple တွေနဲ့Final
မှာ ပြန်တွေ့ကြမယ်"

လက်ခုပ်သံတွေ မြိုင်သွား၏။
ကိုယ်ကသာ ဝမ်းသာအားရ ရှိနေသော်လည်း ပဒိုင်းသီးကား တုံဏိဘာဝေ။ ခပ်ပြုံးပြုံးသာ။

နောက်တစ်တွဲကလည်း Auditionတွင် အရမ်း
ကောင်းခဲ့သည့်အတွဲပင်။ Loy နှင့် Mr.Sun ဦး
က Third Auditionအောင်သော်လည်း
Main Castအနေဖြင့်တော့ မဟုတ်။ တခြား
Foilဖြစ်နိုင်သည်။

သို့ပေမယ့် ဒါလည်းအဆင်ပြေတာပင်။

"Final Audition မစခင် Judgeတွေ
Meeting ထိုင်ရပါမယ်။ အခု  ကလေးတွေက
အောက်ထပ်မှာ နေ့လယ်စာ စားလို့ရပါတယ်။ ဒါ ကိုယ်တွေ Shooting Managerဦးကျော်ဝင်း
ပါ။ ဂျာကြီးနောက် လိုက်သွားလိုက်ကြပါ"

အားလုံးပျော်ရွှင်တက်ကြွနေကြသည်။ အားလုံးပေါင်း Foilနေရာအတွက် မိန်းကလေး
သုံးယောက် ။ Mr.Sun ဦးက Third
Wheelနေရာဖြစ်သော ဝေယံနေရာဖြစ်၍
သူလည်း အရေးပါတာပင်။ Loyကတော့
Incidentalအဖြစ်ပဲ ထည့်မယ်ပြောသော်
လည်း နောင်ရိုက်မည့် second project
အတွက် Loyကို ယာထားခံရပြီးသား။  ဘာပဲပြောပြော ကိုယ်သိတဲ့နှစ်ယောက်လုံးပါလာ
၍ Final အတွက် ကိုယ်အားတက်၏။

Company၏ canteenသည် သေသပ်
သားနားသည်။ သို့သော် တက္ကသိုလ်များက
canteenတွေလောက်တော့ မဟုတ်။

"အခုတည်းက ကိုယ့်တွဲဖက်ကို ကိုယ့်ချစ်သူ
တစ်ယောက်အနေနဲ့ စိတ်သွင်းထားနိုင်ရမယ်"

ဟူသော  ဒေါ်ခွန်းနေခြည်၏ စကားအရ ဟိုအတွဲ
ကတော့ ပုံစံခွက်ကို ကိုင်ပေးရတာနဲ့။ ဟိုဟာထည့်မလား ဒီဟာစားတတ်လားနှင့် စတင်
Promotionဆင်းနေသည်။

ကိုယ်တွေမှာ ကိုယ့် ခွက်ကိုယ်ကိုင်ပြီးLine
အတိုင်း တန်းစီရင်း သူ့နောက်မှ ဖြည်းဖြည်းချင်း
လိုက်ရသည်။ စိတ်လှုပ်ရှားနေ၍လားမသိ ဘာမှ
မယ်မယ်ရ ရ မထည့်။ ထမင်းနှင့် အရွက်ကြော်
သာ ထည့်နေ၍

"ညီ...ဒီမှာ အသားဟင်းထည့်လေ"

အမဲသားကို ထိုင်းရိုးရာစတိုင်အတိုင်း အုန်းနို့
နှင့် နှပ်ထားသည်မှာ စားချင်စရာရယ်မို့ပြော
သော်လည်း ခေါင်းသာခါပြသည်။ ချေနေတာမျိုး
မဟုတ် သူတကယ် ပင်ပန်းနေပုံရသည်။ ဒါတွေ
တော့ Characterနဲ့ နီးစပ်သည်။ တကယ့်
Scriptထဲမှာ ပါမပါမသေချာသောBonus
Chapter မှာ စိတ်လှုပ်ရှားရင် အစားမဝင်
ကြောင်း ပါဖူးသည်။

PRO ||Season One||Where stories live. Discover now