Second Casting အပြီး ကျွန်တော်တို့ အဖွဲ့
ထဲမှာ သွယ်ရိပ်သွေး ရယ် ကျွန်တော်ရယ်ပဲကျန်
တော့သည်။ တခြားလူတွေ ဘာလို့ ပြုတ်ကုန်လဲ
တော့မသိ။ အနည်းဆုံး ကျွန်တော်ကျန်နေသေး၏Third Casting မစခင် ၄ရက်အချိန်ရသည်။
ဒီရက်ပိုင်း အလုပ်မအားသည်နှင့်ဂစ်တာတီး
ပါသင်နေရသောကြောင့် ပယင်းနှင့်ပင် မတွေ့
ဖြစ်။
ည ပြန်ရောက်လာချိန်တွေဆိုလည်း လူက တစ်
နေကုန် သွားလာထားရ၍ အိပ်ရာနှင့်ကျောထိ
သည်နှင့် အိပ်မက်ပင်မမက်နိုင်ဘဲ အိပ်ပျော်သွား
တတ်သည်။ဒီနေ့ညနေခင်း အလုပ်လည်းနားရ၍ ပယင်းကို
ကျောင်းသွားကြိုဖြစ်သည်။ ကျွန်တော့်ကိုဆို အ
မြဲနားလည်ပေးတတ်သည့် ချစ်သူသည် လာကြို
ပေးတာလေး မုန့်လေးဝယ်ကျွေးတာလေးနှင့်ပင်
ပြုံးပျော်နေတတ်သူလေးကို ကျွန်တော်လွမ်းနေ
တာ။"ရောက်နေတာကို ကျောင်းထဲ ဝင်ခဲ့တာမဟုတ်
ဘူး""ညောင်းလို့..."
ကျောင်းနားထားရသူ တစ်ယောက်အနေဖြင့်
ကျောင်းထဲဝင်ရမှာ စိတ်ထဲတစ်မျိုးဖြစ်ရသည်။
ဒါကို သူမရိပ်မိပုံရသည်။ လက်မောင်းကိုချိတ်ကာမိန်းလမ်းမကို ခပ်သွက်သွက်ဖြတ်လျက် Bus Stopကိုဦးတည်၏။ ဘာစကားမှမဆိုဖြစ်
ကြသေး။"ဘာစားချင်လဲ ပယင်း"
မျက်လုံးလေးထောင့်ကပ်စဉ်းစားသည်။သေချာ၏။ အမှန်တကယ်စားချင်တာထက် ဈေး
နည်းမည့်ဟာကိုသာ တွေးတောနေလိမ့်မည်။"ပီဇာသွားစားကြမလား"
"ဟာ မစားဘူး။ ဈေးကြီးတယ် ညီရ"
"ဘာဖြစ်လဲ စားမလား"
"ဟင့်အင်း မစားချင်ဘူး။ ဟိုတစ်ခါသွားစားတဲ့
ကွတ်တီယိုဆိုင်ပဲ သွားရအောင်"တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ အများ
ဆုံးရှိသော ဤရပ်ဝန်းတွင် လက်ချင်းကိုယ်စ
ီချိတ်ကာ သွားလာနေကြသော စုံတွဲတွေကြား ကိုယ့်ငယ်ချစ်လေး၏ လက်ကို တွဲသွားရတာ
လည်း ကြည်နူးစရာတစ်ခုပင်။အစပ်ကြိုက်သော ကောင်မလေးသည် နှုတ်ခမ်း
တစ်ခုလုံးနီစွေးနေအောင်ကို ရှူးရှူးရှဲရှဲနဲ့ကိုစား
နေတော့၏။
YOU ARE READING
PRO ||Season One||
RomanceBL Romance,Drama and other age limited feelings အချစ်ဆိုတာ PROဆန်စရာလည်းမလိုပါဘူး နောက်ပြီး ကိုယ့်အချစ်က ကောင်းလှချည်ရဲ့ဆိုပြီး PROmotion ဆင်းပြီးချခင်းပြစရာလည်း မလိုပါဘူး။ ဒါဆို တကယ်တမ်း ဘာလိုအပ်တာလဲ?