အပိုင်း ၇

39.1K 4.6K 105
                                    

ကိုယ့်မှာ Visa ရတဲ့ရက်ကသိပ်မကျန်တော့ဘူး။
လုပ်မယ်ဆိုရင် ဒီရက်ပိုင်းတွင်း ဒီCasting ကို သေချာအာရုံစိုက်ရမည်။ ကိုယ့်မှာ အချိန်သိပ်
မကျန်တော့ဘူး။ Form တင်ရမယ့် Deadlineကလည်း မနက်ဖြန်ပဲ ။ Casting
မခေါ်ခင် ကိုယ် ရန်ကုန်တစ်ခေါက်ပြန်လို့ရသည်။
ကိုယ် မနက် ၄ နာရီထိုးတဲ့ထိ အိပ်မပျော်ဘူး။

လုပ်သင့်၏ မလုပ်သင့်၏ လူးလှိမ့်နေအောင်စဉ်း
စားရသည်။ မေ နှင့် ဖေ အရှက်ကြီးရှက်ဖို့ ကိုယ်
အရင် ရှက်ကြောဖြတ်ရမယ့် ကိစ္စ။ မင်းသမီးစံပယ်ချို၏ သားက Gayကား ရိုက်သည်။ ခေါင်းစဉ်မြင်ရုံဖြင့် အကြီးစားshock
ပဲ။

လုပ်နိုင်ပါ့မလား? Kissing အပြင် တခြား
bed sceneတွေ ဘာတွေဆို ကိုယ်မလုပ်ချင်
ဘူး။ ယောကျာ်းချင်းချင်းပေမယ့်...သူလိုကိုယ်လို
အားလုံး အတူတူပေမယ့်... ခေါင်းတွေဆိုတာ ပူ
ထူနေတာပဲ။
သူပြောတဲ့ ဇာတ်လမ်းလည်း ကိုယ်ရှာကြည့်
သည်။မတွေ့။ ဘယ်မှာ ရှာဖတ်ရမှန်းလဲမသိ။
Romance ဟူ၍ ပြောထားပေမယ့်ranking
မသတ်မှတ်ထား။ ဘယ်လိုလုပ်ရမည်နည်း?

ဟိုကောင်တွေကို တိုင်ပင်ရကောင်းမလား စဉ်းစားပေမယ့် တားကြမှာ ကိုယ်သိတယ်။ သူတို့
က ကိုယ့်ကို မြန်မာကားတွေထဲကလို ဟန်ဆောင်
ဆိုးစေချင်တာ။ ဒါပေမယ့် တကယ်လက်တွေ့မှာ
လိုက်လုပ်ရအောင်လည်း ကိုယ်က ငပေါမဟုတ်။

ဒါဆို ကိုယ်ဒွိဟဖြစ်နေတဲ့ ကိစ္စကရော အဓိပ္ပါယ်
ရှိပါရဲ့လား? မိဘအိမ်ထောင်ရေး Broken
ဖြစ်လို့ သား Gayကားရိုက်တာ ဆိုင်မဆိုင်
Facebookမှာ voting ကောက်ရမလိုပဲ။

နေ့ချင်းညချင်းFollowersတွေ တက်လာသော
ကိုယ့် Accထဲမှာ မိန်းကလေးတွေလည်း အများ
ကြီးပဲ။ မေ မျှော်လင့်ထားတဲ့ ကိုယ့်popular
ဖြစ်လာသည်။ ဒီကောင်မလေးတွေကရော ကိုယ့်
ကို ဘယ်လိုမြင်မလဲ? နောက်ပြီး မမွေးသေးတာ
လား သေပဲနေပြီသားလားမသိတဲ့ ခင်ဗျားလေး
နဲ့ တွေ့ချိန် ကိုယ့်အတွက် ဒါက တံတိုင်းဖြစ်လာ
နိုင်တယ်။

မသိတော့ဘူးဗျာ။ ဆေးလိပ်ဆိုတာလည်း ဘယ်
နှစ်လိပ်မှန်းကို မသိတော့ဘူး။ ရေကောက်ချိုး သမီးကိုလည်ပင်းမှာ ဆွဲပြီး ထွက်လာတော့
ဘန်ကောက်မြို့လယ်ခေါင်ကနေရောင်မှိန်မှိန်
ကြားသက်ဝင်နေပြီ။

PRO ||Season One||Where stories live. Discover now