အပိုင်း ၃

51.8K 5.1K 76
                                    

"ကျေးဇူးပြုပြီး..."

ပိုက်တွေဖြုတ် စက်တွေပိတ်ရန် ညွှန်ကြားနေ
သောဆရာဝန်တွေလက်ကို ဆွဲတားသော်လည်း သူတို့ မျက်ဝန်းထဲ ကိုယ်ကသေခြင်းတရားကို
ထိပ်ဦးဆုံဖူး၍ ထိတ်လန့် ခြောက်ခြားနေသော ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်
ထက် ပိုမနေ။

ဒါ ကိုယ့်ကမ္ဘာရယ် ပါလို့ အော်ဟစ်ချင်
ပေမယ့် လုံးဝ အသံမထွက်နိုင်။
ကိုယ် ပင်ပန်းနေပြီ ။ ဘာမှ မကြာတဲ့ ခရီး
တစ်ခုကိုလာခဲ့ရပေမယ့် မဖြစ်ပါစေနဲ့ ဆိုတဲ့
ဆုတောင်း ကို တောက်လျှောက်ရေရွတ်လာတဲ့
ကိုယ့် ကို ဆောက်နဲ့ထွင်းကြိုလိုက်သလိုပါပဲ။

ဆီးချိုတွေ ဆောင့်တက်တာတဲ့...အိမ်မှာ ဘယ်သူမှ မရှိတဲ့ အချိန်တဲ့...နဂို ခွဲစိတ်ထားတဲ့
နှလုံးကလည်း ဒဏ်မခံနိုင်လို့တဲ့။

ကိုယ်တစ်ခုမှ မကြားချင်ဘူး။ ကိုယ်ကြားချင်တာ

"ဘွားမြေး ပြန်လာပြီလား" ဆိုသည့် ဆီးကြိုသံ။

"ခဏ...ခဏလောက်စောင့်ကြည့်ရအောင်...
ဘွား အသက်ရှုနေသေးတယ်...
ဒီမှာ ဒီမှာ အသက်ရှူနေတာ မမြင်ဘူးလား!"

ကိုယ့်အသံနည်းနည်းမာလာတော့ Nurse က
နောက်ဆုတ်သော်လည်း ဆရာဝန်ကြီးကတော့
အေးအေးသက်သာရှင်းပြသည်။

"သား မင်းအဘွားရဲ့ အဆုပ်ထဲကို လေမှုတ်သွင်း
ထားတာ...သူကိုယ်တိုင် အသက်ရှူနေတာ
မဟုတ်ဘူး။ ဒီပိုက်တွေ ရှိနေလို့ပါ ။ သားတို့
မိသားစုက သားကို စောင့်ချင်တယ်တောင်းဆိုလို့
လုပ်ပေးထားတာ။ အမှန်တော့ အဘွားက သား
မလာခင်တည်းက..."

"မဟုတ်ဘူး!"

သံကုန်ခြစ်အော်လိုက်ပြီး မေ့ အော်သံတစ်ချက်
သာကြားလိုက်ရသည်။

>>>>>PRO<<<<<

"သက်သာလား သား?"

ကိုယ်မုန်းသော ပိုက်တန်းတစ်ချို့ ကိုယ့်
လက်ခုံကို ထွင်းဖောက်ထားသည်။ မျက်လုံးထဲ
ထိုးကြည့်နေသော ဓာတ်မီးအလင်းရောင်ကို
မခံနိုင်၍ မျက်တောင်တွေခတ်မိတော့မှ

"ပုံမှန်ပါပဲ" ဟူသော မှတ်ချက်ကိုရသည်။

ဘေးတွင် မေ သာ ရှိသည်။

PRO ||Season One||Where stories live. Discover now