EPISODE#13#

632 42 6
                                    

တနေကုန်အိမ်ထဲနေရတော့ ပျင်းလာတာကြောင့် ညနေဘက် Baekနဲ့အတူ လမ်းလျှောက်ထွက်ဖို့ Chanyeol တွေးလိုက်သည်..

Yeol: "Baek! အိမ်ထဲနေနေရတာ မပျင်းဘူးလား?"

Baek: " Yeolက ဘယ်သွားချင်လို့လဲ"

Yeol: "ဘယ်ကိုရယ်တော့ မဟုတ်ပါဘူး ဟိုနား ဒီနား ခနလောက် လမ်းလျှောက်ထွက်ကြမလား"

Baek: "အင်း သွားမယ်လေ"

အိမ်နားက ပန်းခြံထဲကို လျှောက်လာကြရင်း ထိုင်ခုံနေရာအလွတ်တွေ့ရာကြောင့် ဝင်ထိုင်ရင်း အညောင်းဖြေနေကြတယ်..

Yeol: " Baek! နောက်နေ့ကစပြီး အိမ်မှာ ထမင်းဟင်း ချက်တာ အဝတ်လျှော်တာတွေအတွက် အကူခေါ်လိုက်ပါလား"

Baek: " Yeolက ခေါ်စေချင်လို့လား"

Yeol: "အင်း ခေါ်ရင်ပိုကောင်းမလားလို့ပါ အခုက Baekလည်း ကျန်းမာရေးက သိပ်မကောင်းသေးဘူးလေ ပြီးတော့ အလုပ်ကလည်း ရှိသေးတာဆိုတော့.. ခေါ်လိုက်ပါ"

Baek: " အဲ့ဒါဆိုလည်း Luကို မေးကြည့်လိုက်ဦးမယ် သူ့အသိတွေထဲမှာ ပွဲစားတွေရှိတယ်"

Yeol:" အင်း..အဲ့ဒီလိုလုပ်" "ဒါနဲ့လေ မေးစရာရှိတယ်"

Baek: "မေးလေ"

Yeol: " ဓာတ်ပုံတွေက ဘယ်ကရတာလဲ ပြီးတော့ Yoon Miတောင်းတာတွေရော ပေးလိုက်မိသေးလား"

Baek: " ဓာတ်ပုံတွေက... Baek အလွတ်စုံထောက်တစ်ယောက် ဌါးထားတာ အဲ့ဒါကို Yeol စိတ်မဆိုးပါနဲ့နော် "

Yeol: " ကိုယ် စိတ်မဆိုးပါဘူး နားလည်ပါတယ် Baekစိတ်ပူနေမှာပေါ့ အဲ့ဒီအချိန်တုန်းက .. ကိုယ်တောင်းပန်ပါတယ်"

Baek:" ဟာ.. Yeolကလည်း မတောင်းပန်ပါနဲ့ တကယ်ဆိုရင် Baekကသာ တောင်းပန်ရမယ့်သူ"
"သူတောင်းထားတာက ပထမတစ်ခေါက်တော့ Baek ပေးလိုက်တယ်"

Yeol:" Baekရာ!! ဘာလို့ပေးလိုက်တာ.."

Baek:"မတတ်နိုင်ခဲ့ဘူး Yeol ! သူက Yeolရဲ့ ဂုဏ်သိက္ခာပိုင်းကို ထိပါးဖို့ကြံစည်နေတာ !  Yeolအတွက် Baekဘက်ကနေ တတ်နိုင်သလောက် ကာကွယ်ပေးရမှာပဲ"

ပြောရင်း Baekက ငိုနေတော့ သူ့ရင်ခွင်ထဲကို ဆွဲသွင်းပြီး ကျောပြင်ကို အသာအယာပုတ်ပေးလိုက်သည်..

Yeol: "မငိုပါနဲ့တော့ကွာ! နောက် ဒီလိုမျိုးတွေ ဖြစ်လာမှာမဟုတ်တော့ဘူးနော်.. မငိုနဲ့တော့"

Baekရဲ့ပါးတစ်ဖက်ကို အနမ်းပေးရင်း ပြောတော့ သူမနှလုံးခုန်နှုန်းတွေ မြန်ဆန်လာကာ အသက်ရှူရတာ မဝချင်သလိုဖြစ်လာတယ်.. ဒါက Chanyeolဆီက ကြည်ဖြူစွာရတဲ့ ပထမဆုံးအနမ်းမလား..

Baek ရှက်သွားကာ Chanyeolရင်ခွင်ထဲက ရုန်းထွက်တော့ ရုန်းမရအောင် ခပ်တင်းတင်းပြန်ဖက်ထားတာကြောင့် Chanyeol ရင်ခွင်ထဲပဲ မျက်နှာကိုဝှက်ထားလိုက်ရတယ် ..

Baek:" Yeolကလည်း ဘေးနားတွေမှာ တခြားသူတွေလည်း ရှိနေတာကို ရှက်စရာကြီး!!"

Chanyeol သူ့ရင်ခွင်ထဲက မျက်နှာကို မျက်နှာချင်းဆိုင်စေရန် ဆွဲခွာလိုက်တော့ Baekက မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ထားကာ အရှက်သည်းနေတာကြောင့် Chanyeol အူယားစွာ ရယ်လိုက်မိသည်..

Baek:" Yeol !!! ဘာရယ်တာလဲ -_- !!

Yeol:"Baek ! ဘာလို့ရှက်နေတာလဲ ! လက်ကိုခနလောက်ဖယ်ပါကွာ မျက်နှာလေးကြည့်ချင်လို့ !

Baek :" မသိဘူး ရှက်တယ်"

Yeol:" OK OK!! ကိုယ်မလုပ်တော့ဘူး မျက်နှာကို အုပ်မထားနဲ့တော့ "

Baek:" တကယ်လား.. အဲ့ဒါဆိုရင်လည်း ပြီးရော"

Baek အုပ်ထားတဲ့ လက်နှစ်ဖက်ကိုဖယ်လိုက်တော့ Chanyeolက အဲ့ဒီလက်နှစ်ဖက်ကို
လက်တစ်ဖက်တည်းနဲ့ ချုပ်ထားကာ
Baekနှုတ်ခမ်းလေးကို အမိအရ နမ်းလိုက်တော့ Baekတစ်ယောက် မျက်လုံးပြူးရပါပြီ..

Baek:" Yeolကွာ Publicကြီးမှာ!! ရှက်ပါတယ်ဆိုနေ..

Yeol:" ဘာရှက်စရာရှိလဲ ကိုယ်တို့လက်ထပ်တောင်ပြီးပြီပဲကို "

Baek:" Ehh!! မသိဘူး ..တော်ပြီ အိမ်ပြန်တော့မယ်"

Baekတစ်ယောက် အနားကနေ ဘောက်ဆတ်ဘောက်ဆတ်နဲ့ ထပြေးတာကြောင့် Chanyeol အနောက်ကနေ မှီအောင် အပြေးလိုက်ရသည်..

အိမ်ပြန်ရောက်တော့ Baekက အခန်းထဲကို လှစ်ခနဲ ပြေးဝင်ရင်း ချက်ချလိုက်တာကြောင့် နောက်အခါတွေမှာ Baek အခုလိုရှက်ပြီး ထွက်မပြေးအောင် ဘယ်လိုလုပ်ရမလဲဆိုတာ Chanyeolတွေးရပါပြီ..

************************
ဒီတစ်ပိုင်းက chanbaek
သီးသန့်ဖြစ်သွားတယ် 😁😁

readerလေးတွေ အားလုံးကို အစဉ်အမြဲကျေးဇူးတင်လျက်ပါ..
Love you all😘😘😘

You've reached the end of published parts.

⏰ Last updated: May 20, 2018 ⏰

Add this story to your Library to get notified about new parts!

♥ Because I Love U ♥Where stories live. Discover now