EPISODE#11#

2.1K 182 9
                                    


Baek မနက်နိုးလာတော့ Yeol က ရုံးသွားပြီထင်ပါရဲ့ ခြံထဲမှာ သူ့ကားစက်နိုးသံကြားလိုက်ရတယ် ရုံးဆိုလို့...သူမဒီတနေ့တော့ မသွားပဲ အိမ်မှာပဲနေလိုက်ဖို့စိတ်ကူးလိုက်တယ်
လူကနေကောင်းသွားပြီဆိုပေမယ့် ခုလိုမနားရတာကြာပြီလေ
ဒါနဲ့ပဲ သူမလည်း မျက်နှာသစ်ပြီး မနက်စာစားဖို့အောက်ဆင်းလာတော့
*** မနက်စာက ပြင်ထားပီးသားးး

သူမတော်တော်ဝမ်းသာသွားတယ် ဒါ Yeol ပြင်ပေးသွားတာပဲနေမှာ ... ဒီအိမ်မှာ ထမင်းဟင်းအချက်အပြုတ်တွက် သူမကိုယ်တိုင် Yeol ကို ချက်ပြုတ်ကျွေးချင်တာကြောင့် အပိုလူ ခေါ်မထားဘူးလေ အာ့တော့ သူမ မချက်ရင် ဒါ Yeol ပဲရှိတော့တာပေါ့

Baek: Yes!!!!

သူမ ထမခုန်မိအောင် မနည်းထိန်းထားရတယ် ဟို... ရုပ်ရှင်တွေထဲကလို မင်းသားက မင်းသမီး အတွက် မနက်စာပြင်ပေး ...
ပြီးတော့ romantic ဆန်ဆန် စားပွဲပေါ်မှာ " ချစ် အိပ်နေတာလေး ကိုယ်မနှိုးရက်လို့ ... ကိုယ်မနက်စာပြင်ထားတယ်နော်
morning kiss babe :-* " အာ့လို စာရွက်လေးဘာလေးကပ်ထားမလားလို့ ရူးနှမ်းနှမ်း တွေးလိုက်မိသေးတယ်
ဒါပေမယ့် မဖြစ်နိုင်တာ Yeol က အာ့လိုတွေလုပ်မယ့်သူလားး ကိုယ့်အတွေးကိုယ် သဘောကျပြီးပြုံးမိတယ် Yeol သာသိလို့ကတော့ စိတ်ကျန်းမာရေးဆေးရုံကို ပို့မလားပဲ XD
ဘာပဲဖြစ်ဖြစ် ခုလိုမနက်စာလေးပြင်ပေးသွားတာကို ဝမ်းသာလှပြီ
.
. Baek လည်း စားသောက်ပြီးတော့ လုပ်စရာ မရှိလို့ ပျင်းပျင်းနဲ့ TV ပဲထိုင်ကြည့်နေလိုက်တယ် သိပ်မကြာပါဘူး ခြံထဲကို ကားဝင်လာသံကြားလိုက်တယ်

Baek:ဘယ်သူပါလိမ့် ထူးဆန်းလိုက်တာ ဒီချိန် ဘယ်သူမှလာလေ့မရှိပါဘူး သမင်မတို့ အတွဲလားး သူတို့က ညနေမှ လာမယ်ပြောထားတာကို ...

*************
Yeol'pov...
ကျွန်တော် မနက်ထတော့ Baek သူမ မနိုးသေးဘူး သမူက အိပ်နေတော့လည်း အပြစ်ကင်းစင်တဲ့သူတစ်ယောက်လိုပါပဲလားးးးး

တွေးနေတုန်းရှိသေးတယ် ဟိုကောင် Jongin ဖုန်းဆက်လှမ်းခေါ်လို့ သူမအတွက် မနက်စာဆန်ပြုတ်ပြုတ်ပေးခဲ့ပြီး အမြန်ထွက်လာလိုက်တယ်
.
.
.Jongin: Hyung ရာ ကြာလိုက်တာဗျာ ဘာလဲ အိမ်ကမိန်းမကို စိတ်မချ ဖြစ်နေတာလားးး

♥ Because I Love U ♥Where stories live. Discover now