EPISODE#10#

2.3K 232 10
                                    

Baek'pov...

ဒါတွေအားလုံးက ကျွန်မအတွက်တော့ အိမ်မက်တစ်ခုလိုပဲ ကျွန်မချစ်ရတဲ့ Yeol က ခုကျွန်မဘေးမှာရှိနေပေးတယ်လေ သူကျွန်မကို ခုလို ဂရုစိုက်ပေးတာလေးတွေ~~ ကျွန်မတကယ်ကိုပျော်မိတယ် ... ပြီးတော့သူကပြောတယ် သူနဲ့ Yoon Mi နဲ့ ဘာမှမပတ်သတ်တော့ပါဘူးတဲ့

Baek သူမကုတင်ဘေးလေးပေါ် မှေးရင်းအိပ်နေတဲ့ Yeol ရဲ့ ဆံသားအိအိလေးတွေကို ကိုင်ကြည့်နေမိတယ် ဒါက သူမ Yeol ကို
စချစ်မိကတည်းက လုပ်ကြည့်ချင်တဲ့အရာတစ်ခုပါ......
ဟော~သူနိုးလာပြီထင်ပါရဲ့ ...

Baek လက်ကလေးအမြန်ရုတ်ကာ စောင်ပြန်ခြုံပြီး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်

Yeol'pov...

Yeol နိုးလာတော့ Baek က မနိုးသေး ~ Baek မနိုးအောင် နဖူးပေါ်လက်ကလေး အသာတင်ပြီး စမ်းကြည့်တယ်

Yeol: imm အဖျားတော့ကျသွားပါပြီ

Yeol လည်း သူခြုံထားတဲ့စောင်လေး အသာခေါက်ကာ သန့်စင်ခန်းဝင်လာခဲ့တယ် သူပြန်ထွက်လာတော့ Baek ကနိုးနေပါပြီ ကုတင်ပေါ်မှာထိုင်ပြီး ဘာတွေစဉ်းစားနေလဲမသိ မျက်နှာကပြုံးစိစိဖြစ်နေတယ် သူအနားရောက်နေတာကိုလည်း သတိထားမိပုံမပေါ်

Yeol: Baek~~ Baek

Baek:အင်~ Yeol

Yeol: နိုးနေပြီလား လာ မျက်နှာသစ်ရအောင် ကိုယ် သစ်ပေးမယ်

Baek:ရ...ရပါတယ် Baek ကိုယ့်ဘာသာကိုယ် သစ်လိုက်ပါ့မယ်

Yeol:ဟာ အခုမှ အဖျားကျရုံပဲရှိသေးတာကို
ကိုယ်လုပ်ပေးပါ့မယ် လာ ထ

Baek'pov......

Yeol ညက ~~ ဖွဟဲ့ တစ်ခုခုများဖြစ်လာသလားမသိဘူး မျက်နှာလေးကိုက ခါတိုင်းလို တင်းမာနေတာမျိုး မဟုတ်ပဲ ချိုသာလွန်းတယ် ~~ဒါမှမဟုတ် ဟန်ဆောင်နေတာများ~~ မဖြစ်နိုင်ပါဘူး
ဘယ်လိုပဲဖြစ်ဖြစ်ပါ ခုချိန်မှာတော့ ဒီချိန်လေးကို ရပ်ထားချင်မိတာကလွဲလို့ ဘာမှမရှိ~ ~ ~

Baek:အားးး စပ်တယ်

Yeol:ဟာာ Baek ရာ မျက်လုံးကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေမှတော့ ဆပ်ပြာတွေဝင်ကုန်ပြီပေါ့ ~တကယ် ကလေးကျနေတာပဲကွာ

♥ Because I Love U ♥Where stories live. Discover now