Ep(1) (Zawgyi+Unicode)

Start from the beginning
                                    

"ထတော့ မင်းကြီးတော်က ပြန်လာနေပြီ မင်းနက်ငါကိုတွေ့ရင် သတ်လိမ့်မယ်"

"ပြန်မယ် ပြန်မယ် ဟွန့် သူ့အဖေကျကြောက်နေလိုက်တာ မပြောချင်ဘူး"

ကုတင်ခြေ၇င်းမှာကျနေတဲ့ အ၀တ်များကိုဝတ်ကာ အခန်းထဲမှ ခပ်ချေချေထွက်သွားတဲ့ ကောင်မလေးကို ကျိရင်း ကျတော်အသက်ရှူချောင်သွားတော့တယ်

*ဒေါက် ဒေါက် *

"သခင်လေး သခင်ကြီးေ၇ာက်နေပါပြီ"

"ဘာ!!!! မြန်လိုက်တာ ဒါဆို ဟို...."

ကျတော်လည်း ဖေဖေရှိရာ ဧည့်ခန်းဆီကို ဦးတည်သွားလိုက်တော့ ဧည့်ခန်းထဲမှာ ဖေဖေ့အော်သံဟာ ကျတော့်ကိုယ်ပင် ကြက်သီးများထသွားစေတယ်
တွေ့မှာစိုးလို့ အမြန်ပြန်လွှတ်ပါတယ် တကယ့်ကို ထိပ်တိုက်တွေ့နေပြီ

"ဘာ!!!!! မင်းက ငါ့သားရဲ့ ၂၃ယောက်မြောက်ချစ်သူ"

"ဟုတ်ကဲ့ "

"ဖေဖေ"

"လာအုန်း ဈာန်ဘုန်းမာန် သူပြောတာအမှန်လား"

"အဲ့ဒါကလေ ဖေဖေ"

"နေအုန်း ကလေးမ မင်းပြန်တော့ "

"ဟုတ်ကဲ့ "

ခေါင်လေးငုတ်ကာ လှည့်ထွက်သွားတဲ့ သူကိုတော့ ကျတော်သနားမိပါတယ် ဒါမဲ့ အခုချိန်မှာ ကျတော့်ကိုယ်ကျတော်သနားရမှာလေ

အခုချိန်မှာ ဈာန်ဘုန်းမာန်ပုံစံဟာ ကျားကြီးရှေ့ရောက်နေတဲ့ ယုန်သူငယ်လို ငြိမ်ဝပ်ပိပြားစွာနဲ့ ထိုင်နေရတယ်

"မင်းအသက်ဘယ်လောက်လဲ ဈာန်ဘုန်းမာန်"

နာမည်တပ်ခေါ်လာထဲက ဖေဖေကျတော့်ကို ဘယ်လောက်စိတ်တိုနေလဲဆို ကျတော်အသိဆုံး

"၁၈ ...၁၈ နှစ်ပါဖေဖေ"

"အေး မင်းအသက်၁၈နှစ်နဲ့ ရည်းစားကို အသက်ထက်ကျော်အောင် ထားနေပြီ "

"မင်း သားကအဖေတူသားပဲ

ကျတော်လည်း အသံလာရာကို ကျိလိုက်တော့ ဖေဖေ့ဘေးမှာ ထိုင်နေတဲ့လူ
အဲ့လူက ဘယ်တုန်းကရောက်နေတာပါလိမ့်

"ငါနဲ့ဘယ်မှာတူလို့လဲ"

"တူတယ်လေ မင်း၁၈နှစ်အရွယ်တုန်းကလည်း ၇ည်းစားအယောက်၂၀ကျော်အောင်တောင်ထားခဲ့ဖူးတာပဲကို"

ဖေဖေ့သူငယ်ချင်း ကျွန်တော့်ချစ်သူ (Z+U)Where stories live. Discover now