ဟော ရောက်လာပါပြီ...

စက်ဘီးယူမလာဘူးလား ဒီကောင်က...

"မင်းစက်ဘီးရော"

"ဟီးး ငါ့စက်ဘီးက ဘီးလေမရှိလို့ အဲ့ဒါမင်းစက်ဘီးနောက်က ဒီတစ်နေ့လိုက်မယ်"

"မင်းနင်းရမှာနော်"

"အေးပါကွာ သူ့စက်ဘီးနောက်က တစ်ခါတစ်လေလေး လိုက်စီးပါတယ်..ကိုယ်ပဲ အမြဲစက်ဘီးနင်းရ"

"ပွစိ ပွစိလုပ်မနေနဲ့ မြန်မြန်နင်း ကျူရှင်နောက်ကျမယ်"

"မင်းခွက်ကြီးကို တွေ့ချင်လို့မလား(crush><)"

ဒေါက်...

"အာ့ ခေါင်းကိုခေါက်ရလားကွ"

"မင်း ဘိုးအေ ခွက်လား"

"ငါ့ဘိုးအေ ခွက် မဟုတ်ဘူးဟေ့..မင်း ခွက်"

"တိတ်စမ်း ဒီနေရာကနေ ကျူရှင်အိမ်ကို ကုန်းညောင်းမလျှောက်ချင်ရင် ပါးစပ်ပိတ်ထား...ပြီးတော့ မဟုတ်တာတွေ လိုက်မပြောနဲ့ Chen...တစ်ခြားသူတွေ ကြားရင် တစ်မျိုးထင်သွားမယ်"

"ငါကစတာပါကွာ မင်းကလည်း ဟီးး ဒါပေမယ့် ဟိုကတော့မင်းကို တကယ်ခွက်နေတာကွ"

"KimChen"

"တော်ပြီ တကယ်မပြောတော့ဘူး"

"မပြောနဲ့တော့"

ခွက်..ခွက်..

နေ့တိုင်း အဲ့ ခွက် ဆိုပြီးပဲ စနေကြတာ...

မသိရင် ကိုယ်ကပဲခွက်နေသလို...

ငယ်ငယ်ရွယ်ရွယ်နဲ့ စာသေချာ မသင်ကြဘူး...

ဟိုဘက်က ကာယကံရှင်ကြားသွားရင် ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ...

"ရောက်ပြီ"

ကျူရှင်သင်ရမယ့် ဆရာမအိမ်ရှေ့မှာ ရပ်သွားသော စက်ဘီးလေး...

ဆရာမအိမ်နဲ့ ကျွန်တော်တို့အိမ်က တစ်လမ်းတည်းအတူဖြစ်သူ...

သွားရလာရအဆင်ပြေတာ့ပေါ့...

ကျူရှင်ပြောပါတယ်...><

စာကျက်သံတွေကတော့ ခြံအပြင်ကိုတောင် ပျံ့လွင့်ထွက်လာလေရဲ့..

"မင်းသွားနှင့် ငါပဲ စက်ဘီး သွားထားလိုက်တော့မယ်"

"အေးအေး Chen..ငါသွားနှင့်မယ်"

Obviate Difficulties By LoveWhere stories live. Discover now