Part-1

43.3K 2K 235
                                    


တော်​ဝင်​မိသားစုစံမြန်းရာ နန်း​တော်​ကြီး၏
အတွင်းတစ်​​နေရာ၌ လူတစ်​စုသည်​ ​မှောင်​ရိပ်​ကိုခိုကာ ကုန်းကုန်းကွကွနှင့်​ ​တ​ရွေ့​ရွေ့လာ​နေကြ​သည်​။

အ​ဆောင်​တိုင်း၏​ရှေ့တွင်
မီးထွန်းထား​သောမီးတုတ်​များရှိပြီး
အ​စောင့်​တပ်​ဖွဲ့​တွေ နေရာယူထားကြတာကို ​တွေ့လိုက်​ရစဉ်

" ​ရှေ့မှာ အ​စောင့်​​တွေရှိတယ်​ "

ရှေ့ဆုံးမှ အရပ်​ပုပုနှင့်​တစ်​​ယောက်​က
ခပ်​တိုးတိုးအသိ​ပေးလိုက်​တဲ့အခါ သူတို့အားလုံး
နံရံ​ဘေးကပ်​ပြီး ငုတ်​တုပ်​ထိုင်​ကာပုန်းလိုက်​ကြသည်​။

"ဘယ်​လိုလုပ်​ကြမလဲ? "

သူတို့ထဲမှ အသက်​အကြီးဆုံးတစ်​​ယောက်​၏
အ​မေးကို ​ရှေ့ဆုံးမှတစ်​​ယောက်​က လက်​ကာပြပြီး ခဏ​နေခဲ့ရန်​​ပြောသည်​။
ထို့​နောက်​ သူတစ်​​ယောက်​ထဲ​ လေးဘက်​ကုန်းကာ
အ​ခြေအ​နေကိုသွား​ချောင်း​လေသည်​။

"အကို​တော်​တို့...ဖြစ်​​ရောဖြစ်​ပါ့မလား? "

နံရံအကွယ်​က​နေ​ချောင်း​နေ​သော
အကိုလတ်​ဖြစ်​သူက ​နောက်​ဆုံးကတစ်​​ယောက်​ကိုလှည့်​ကြည့်​လာပြီး

"ဘာမှစိတ်​မပူနဲ့! ငါတို့လုပ်​​နေကြ​​တွေပါ!! "

"လာခဲ့!သွားလို့ရပြီ!အငယ်​ဆုံးကို လက်​ဆွဲ​ခေါ်ခဲ့!! "

အကိုလတ်​က သူ့အားလက်​ဆွဲပြီး
ရှေ့မှအကိုနှစ်​​ယောက်​သွားသည့်​အတိုင်း
ကုန်းလိုက်​ကွလိုက်​ ငုတ်​တုပ်​ထိုင်​လိုက်
လေးဘက်​ကုန်းလိုက်​နှင့်​ ရင်​တထိတ်​ထိတ်​လိုက်​လာကြရာ.......​နောက်​ဆုံး အပုဆုံးအုတ်​တံတိုင်းရှိရာဆီ​ရောက်​လာ​လေသည်​။

အရင်​ဆုံး အကြီးဆုံး အကို​​တော် ​​Xiu က လွှားခနဲခုန်​ဆင်းလိုက်​ပြီး တစ်​ဘက်​မှ​နေ၍
တိုးတိုး​အော်​​ပြော​လေသည်​။

"အငယ်​ဆုံးကို အရင်​ပို့! ငါဒီဘက်​ကဖမ်းထားမယ်​! "

ကျန်​ခဲ့​သောအကိုနှစ်​​ယောက်​က ​နောက်​နားမှာရပ်​​နေ​သောသူ့အား ချက်​ချင်းပင်​ ဆွဲမကာ
အုတ်​တံတိုင်း​ပေါ်သို့တင်​​ပေး​လေသည်​။
အုတ်​တံတိုင်း​ပေါ်တွင်​ ကားရားကြီးဖြစ်​​နေ​သောသူ့ကို တစ်​ဖက်​မှအကိုအကြီးဆုံးက လှမ်းဖမ်းပြီး ​မြေပြင်​​ပေါ်သို့​ဖြေး​ဖြေးချ​ပေး​လေသည်​။

Master Of The PrinceWhere stories live. Discover now