ဂိုဂို့မှာ တစ်ယောက်တည်းပြန်ရမှာကို သိပ်မကြိုက်သော်လဲ ဆရာ့ကိုလိုက်ပို့နေကြဆိုတော့ အပြင်ထွက်ရတာ လန်းဆန်းတယ်လို့ထင်လာတာ တစ်ကြောင်း
ရှားရှားပါးပါး ဂွန်းဂွန်းမပါတုန်းလေး ကိုယ့်ရဲ့မဟာစီမံကိန်းကို အကောင်အထည်ဖော်ဖို့တစ်ကြောင်းမို့ ထွက်လာခဲ့သည်

ထုံးစံအတိုင်း မင်းနေလင်းက ခွေးစုတ်ဖွားလေးနဲ့ကစားနေသည်

မင်းနေလင်းမရှိတဲ့ ကြားရက်တွေမှာ မင်းနေလင်းကစားနေကြ ခွေးလေးတွေကို မလိုင်လုံးကျွေးကာ ကပ်ပေါင်းထားသဖြင့် ခွေးလေးတွေကသူ့မြင်ရင် မုန့်လာတောင်းတတ်နေပြီ ဖြစ်သည်

မလိုင်လုံးအကြံကလဲမလွယ်လှ သူ့မှာ အပြင်သိပ်မထွက်တန်သူမို့ ဂွန်းဂွန်းကို ဝယ်ခိုင်းပြီး တစ်ဝက်ပေးကာ တစ်ဝက်သာ ခွေးအတွက် ရှယ်ယာရခြင်းဖြစ်သည်

ဂွန်းဂွန်းကလဲ ခွေးချစ်တတ်သူမို့ မင်းနေလင်းရှိရင်သာ ခြံဝန်းထဲလှည့်တောင်မကြည့်ပေမဲ့ ငါခွေးလေးတွေအစာကျွေးမလို့လို့ ပြောလိုက်တာနဲ့ Judo သင်တန်းကပြန်လာတိုင်း မလိုင်ဘူး ဝယ်လာသည်

ဂွန်းဂွန်းက ကားသိပ်မစီး ဘားအံမှာနေပေမဲ့ ဆိုင်ကယ်ဆို တက်တောင်မတက်နိုင် ဆိုင်ကယ်စီးရတာလဲကြောက်သေးသည် သူသင်တန်းသွားရင် ခမေါက်လေးဆောင်းပြီး စက်ဘီးစီးသွားသည်

ဂိုဂိုကတော့ ဖေဖေသင်ထားပေး၍ ဆိုင်ကယ်စီးတတ်သည်

ခုတော့ တစ်ယောက်တည်း ဟိုတွေးဒီတွေးနဲ့ လက်သာလျှောက်လာစဉ်

" ဝုတ် ဝုတ် "

ခွေးလေးနှစ်ကောင် ဂိုဂို့ဆီပြေးလာပြီး အစာလာတောင်းခြင်း

" ယာယာရေ စနိုးရေ ဘယ်သွားတာလဲ "

နောက်ကအော်ရင်း ပြေးလိုက်လာသူမင်းနေလင်း
ခွေးလေးတွေရဲ့ ဦးတည်ရာက ဂိုဂိုဆိုတာ သိသွားတော့ မျက်နှာက ခပ်တင်းတင်းနဲ့ ရပ်သွားသည်

ဂိုဂိုကတော့ ပါးချိုင့်လေးနစ်ဝင်နေအောင်သွားဖြီးပြရင်း ခွေးတွေကိုမလိုင်လုံးကျွေးနေသည်

ဂိုဂို့မှာ တော်ရုံဆို ရုပ်တည်နဲ့ပဲနေတတ်တော့ သူ့မှာပါးချိုင့်ရှိမှန်းတောင်လူသိပ်မသိကြ

My chaos Where stories live. Discover now