""ပြောပါ... ဆိုပါ။ ရပါတယ်။ မင်းခေတ်ပဲ။ အခုချိန်မှာ မင်းခွင့်လွှတ်မှု့ကို တောင်းခံရုံက လွဲပြီး ငါလုပ်နိုင်တာ ဘာမှမရှိပါဘူး"

ကြည့်! ပြောပုံဆိုပုံ အသံနေအသံထားကိုက ဒီကလူ တမင် နိုင်စားနေသည့်အတိုင်း။

""မင်းကို ငါစိတ်တိုရလွန်းလို့ တိုစရာ စိတ်လည်း မရှိတော့ဘူး ... မင်းမြတ်""

""ကိုယ်ပြန်တော့မယ်""

မကြီးမငယ်နဲ့ စိတ်ဆိုးသွားပြီ။

""နောက်နေ့တွေ ခဏခဏ မလာနဲ့။ မင်းschedulesနဲ့မင်း အပတ်မလည်ဘူးမဟုတ်လား""

""လာမှာပဲ ... မင်းခွင့်မလွှတ်မချင်း""

အယ်! အဲ့လိုလည်း မဖြစ်သေး။ တွေ့ချင်တာက တွေ့ချင်တာ ... သူ့မှာ သူ့ဘ၀အတွက် ကြိုးစားသင်ယူနေတာ ကိုယ့်ကြောင့် နှောင့်နှေးတာမျိုး မဖြစ်စေချင်။

""ခွင့်လွှတ်တယ်။ အဲ့ဒါကြောင့် အရင်လို တစ်နေ့တစ်ခါဆို လုံလောက်ပြီ။ ငါစိတ်ဆိုးနေတာက မင်းအပျင်းကျဖို့ခေါင်းစဉ်ကောင်းတော့ အဖြစ်မခံနိုင်ဘူး""

ကြည်နူးအကြောင်းကို သိနေသူပီပီ မင်းမြတ်က မခိုးမခန့် ပြုံးသည်။

ခြံထဲဝင်တော့မည့် ကြည်နူးကို လက်ဆွဲပြီး ကြည်နူးခါးကို အနောက်မှ သိမ်းကြုံးဖက်လျှက်

""ခွင့်မလွှတ်နဲ့ဦး။ ဆက်တောင်းပန်ချင်သေးတယ်။ အကြာကြီး စိတ်ဆိုးနေပါ။ အကြာကြီး ဆက် ချော့ချင်လို့။ ကိုယ် မင်းနဲ့ပတ်သက်ရင် ဘယ်လောက် စိတ်ရှည်သည်းခံလည်း မင်းသိစေချင်တယ်။ မင်းရဲ့အရိပ်လေးလို နေပေးမှာမိုလို့ မင်းလည်း အခုလို မကြာခဏ အပြင်ထွက်ပေးပါ။ မင်းအိမ်ရှေ့မှာ မတ်တပ်ရပ်နေတာထက် မင်းလျှောက်သွားတဲ့နောက် တကောက်ကောက်လိုက်ရတာ ဒိတ်သလို ဖြစ်တာပေါ့။ မင်းလည်း အဲ့ဒါကြောင့် တစ်နေ့တစ်နေ့ အကြောင်းအမျိုးမျိုးပြပြီး အပြင်ထွက်နေတာမဟုတ်လား။ အလင်းရောင်အောက်မှာ မင်းရှိတိုင်း  မင်းအရိပ်ကလေးငါက ပေါ်လာတတ်လို့လေ""

""သေလိုက်ပါ့လား .... ""

ခါးကို ဖက်ထားသော မင်းမြတ်လက်ကို ရိုက်ဖယ်သော်လည်း မင်းမြတ်က အနောက်မှ အတင်းပြန်ဖက်ထားပြီး

Waking Love UPWhere stories live. Discover now