EP-59

32.7K 3.5K 482
                                    

အိမ်ရှေ့မှာ ရပ်စောင့်နေသော မင်းမြတ်ကို တွေ့တော့ ကြည်နူး ပြုံးမိသည်။

များများ ပြသနာရှာပေးမှ ထင်တယ်။ ဒါမှ တစ်နေ့ကိုတစ်ခါမက တွေ့နိုင်မှာ။ မဟုတ်ရင် တစ်နေ့တစ်ခါ မျက်နှာလေးတွေ့ရဖို့ကို အင်မတန် ခတ်ခဲလွန်းတယ်။

မင်းမြတ်က ကြည်နူးကို မြင်သွားတော့ ကြည်နူးမျက်နှာကို ပြန်တင်းလိုက်သည်။

""ကြည်နူး ... ပြန်လာပြီလား .. စောတယ်နော်""

""မင်း တော်တော် အားနေလား။ သင်တန်းတွေမသွားဘူးလား""

""မင်းနဲ့မှ အဆင်မပြေတာ။ ကျန်တာတွေ ဘယ်လိုလုပ်အဆင်ပြေတော့မှာလဲ""

အိမ်ရှေ့ခြံတံခါးကိုသော့ဖွင့်နေသော ကြည်နူး ခိုးရယ်မိပြန်သည်။

ချစ်ဖို့ကောင်းသား။ ဒါပေမဲ့ ... ဆူစရာရှိတာတော့ ဆူရဦးမယ်။

""မင်း ... တော်တော် ဆိုးတဲ့ကောင်""

မင်းမြတ်က ကြည်နူးပြောတာကို ဆိုလိုရင်း မသိသောကြောင့် ကြည်နူးကို ကြည့်နေသည်။

ကြည်နူးက မင်းမြတ်ဖက်လှည့်ရပ်ပြီး

""ဒီလက်စွပ်proposeက ကောင်ရှင်းစီစဉ်တာဆို ... ဒါနဲ့များ ဘယ်လိုလုပ် မျက်နှာပြောင်တိုတ်ပြီး နာမည်ကောင်းဝင်ယူရဲတာလဲ။ တော်တော် စိတ်ဓာက်မကောင်းတဲ့ကောင်ပဲ မင်းက""

မင်းမြတ်မျက်နှာပျက်သွားသည်။

""နောက်မလုပ်တော့ပါဘူး""

ခေါင်းကြီးငုံ့ပြီး ခပ်တိုးတိုး ကတိပေးသည်။

""တကယ် ကောင်ရှင်းကို ဒီနေရာမှာ တော်တော် ချီးကျူးတယ်။ ဘယ်လိုစိတ်မျိုးနဲ့ မင်းကို သည်းခံခဲ့လဲ မသိဘူး။ ငါသာဆို လူပါးဝလွန်းတဲ့ မင်းကို အသေသတ်ပစ်မှာ။ မင်း ကိုယ်ချင်းမစာတတ်ဘူးလား။ ကောင်ရှင်းအတွက် မင်းစီစဉ်ထားတဲ့ Propose မှာ ငါက မင်းသားဝင်လုပ်ရင် မင်းဘယ်လိုနေမလဲ။ မင်းလုပ်ကွက်ကြောင့် ကောင်ရှင်း ဘယ်လောက် ခံပြင်းမလဲ။ ဘာမဟုတ်တဲ့ moments လေးတွေနဲ့တောင် ကောင်ရှင်းနဲ့ပတ်သက်ပြီး မင်းကို သ၀န်မိတာ။ မင်းမှာ မင်းမိဘတွေ ပေးတဲ့အသက်မရှိတော့ဘူး။ ကောင်ရှင်းပေးတဲ့အသက်ပဲ ရှိတော့တယ်။ ကောင်ရှင်းသာ မင်းကို သတ်မယ်ဆို သတ်ရမဲ့အကြောင်း ခိုင်လုံနေပြီ""

Waking Love UPWhere stories live. Discover now