ဂိုဒေါင်အတွင်းပိုင်းမှာ သစ်သားတုံးဖြင့် ကန့်လန့်ပိတ်ထားသော ပြတင်းပေါက်ရှိသည်။
ဒါပေမဲ့ .. မလိုအပ်တော့ဘူး။ ကြည်နူးကိုယ်တိုင် ဒီအခန်းထဲက ထွက်ဖို့စိတ်ကူးမရှိတော့တာ။ နောက်အချိန် သမိုင်းဆရာမအချိန် အဲ့ဆရာမကတအားရစ်တာ။ ဂိုဒေါင်မှာပိတ်မိနေလို့ပါ အကြောင်းပြပြီး သူ့တစ်ချိန်လွတ် နားမအေးဘူးလား။
ကြည်နူးကိုယ့်အကြံနှင့်ကိုယ် ပြတင်းပေါက်ကိုကြည့်ရင်း ငါးခူပြုံးပြုံးလိုက်သည်။ လက်နှစ်ဖက်နောက်ပစ်ပြီး ဂိုဒေါင်အခန်းကို စပ်စပ်စုစု လေ့လာတော့သည်။
ဒီနေရာက လာရခဲတယ်။ ရောက်တုန်းရောက်ခိုက် မွှေသင့်တာမွှေသွားရမယ်။ ဟင်းဟင်း..
ဂိုဒေါင်ရဲ့အောက်မှာ မြေအောက်ခန်းရှိသည်။ ထိုနေရာမှာ ကြက်သွန်အိတ်၊ ငရုတ်အိတ်၊ မဲမဲပြောင်ပြောင်စဥ့်အိုးကြီးတွေကို စီတန်းထားသည်။ ဂိုဒေါင်အထဲတွင် လျှပ်စစ်မီးလုံး၏ အလင်းရောင်ကြောင့် မှောင်မှောင်မဲမဲမဟုက်။
ကျောင်းစားဖိုချောင်၏ စားနပ်ရိက္ခာဂိုဒေါင်ဖြစ်တာကြောင့် အစားအသောက်အချက်အပြုတ်ဆိုင်ရာ ကုန်များကို သိုလှောင်ထားသည်။ အသင့်စားအစားအစာများ၊ နောက်နေ့ချက်ဖို့စီစဉ်ထားသည့် ရေခဲရိုက်ထားသော အသားစိမ်းငါးစိမ်းများကို ထည့်ထားသော refrigerator များကို အတန်းလိုက်နေရာချထားသည်။ ဆန်အိတ်၊ ငရုတ်အိတ်၊ ဆီပုံး အစရှိသည်ဖြင့် စုံသည်။
""Wow.. မိုက်တယ် .. ကြက်ဥချောင်းတွေ ""
သေတ္တာပုံးများကို တစ်ပုံးခြင်းစီမွှေနှောက်နေသည်။ ပလက်စတစ်အိတ်နှင့်ထုတ်ပိုးထားသော ငါးရံခြောက်ကို တွေ့တော့ ကြည်နူးမျက်လုံးအရောင်တောတ်သွားသည်။
""ငါးရံ့ခြောက်မစားရတာ ဒီကိုပြောင်းလာထဲက .. ငါးရံ့ခြောက်ဖုတ်စားရမယ်""
ဟိုဟို ဒီဒီ ရှာဖွေလိုက်စဉ် ထောင့်နားမှာကပ်ထားသော ဂက်အိုးနှင့်ဂက်မီးဖို။
အဆင်သင့်လိုက်လေခြင်း။
ကြည်နူးတစ်ယောက် ဂက်အိုးနှင့်ဂက်မီးဖိုကို မ ကာ အောက်ထပ် မြေအောက်ခန်းသို့ သစ်သားလှေကားလေးအတိုင်း ဆင်းလာသည်။
YOU ARE READING
Waking Love UP
Teen FictionThis story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စတယ် .......? UNICODE ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စ...