EP-26

34.8K 4K 967
                                    

""ကြည်နူးနေနိုင် ခြောက်သွားမှာ သိပ်စိတ်မပူပါနဲ့ .. အခြောက်ပိုးက လေထဲကတဆင့် အပေါ်ယံထိတွေ့မှု့လောက်နဲ့ ကူးစက်တတ်တဲ့ ဗိုင်းရပ်မဟုက်ဘူး .. သွေးသားချင်း နှီးနှောလို့ အရသာတွေ့သွားရင်တော့....""

မင်းမြတ်ပြောစကားကို နားထဲထပ်တလဲလဲ ကြားမိပြီး ရတုလက်တန်းဘောင်ကို ခပ်တင်းတင်းဆုပ်ကိုင်မိသည်။ ဘေးကိုစောင်းကြည့်စဉ် ကြည်နူးနေနိုင်ရဲ့ပခုံးကို ခေါင်းတင်ကာ အိပ်နေသော မင်းမြတ်ကို ဒေါသထွက်ဖွယ်တွေ့ရသည်။

မန္တလေးကအပြန် မင်းမြတ်က ကြောင်ပေါက်ဘေးမှာ ဆက်ထိုင်သည်။ ကြောင်ပေါက်ကလည်း ဧည့်ဝတ်ပျူငှာနေတာ မြင်မကောင်း။

ကြောင်ပေါက် .. မင်းကြောင့် .. မင်းကြောင့် င့ါမှာ ဒေါသတွေထွက်နေရတာ။ မင်းအနေအထိုင်မဆင်ခြင်လို့ ငါ့မှာ လိုက်ကြီးကြပ်နေရတာ။ ငါသာမကယ်ရင် မင်းတော့ မင်းမြတ်ရဲ့သမီးဖြစ်မှာ သေချာတယ်။ 

""ဒီပါ .. ငါခေါင်းကိုက်လို့ နှိပ်ပေးပါဦး""

""အော် .. အင်း""

ရတီ့ပခုံးကို ဒီပါ နှိပ်ပေးလိုက်သည်။

ကြောင်ပေါက်ကြောင့် ရတီ့ကို သူဂရုမစိုက်နိုင်ပေါင်းများပြီ။

---------------

မန်းလေး၊ပြင်ဦးလွင် တောင်တတ်လမ်း Night View မှာ အရမ်းလှသည်။ ပုံရိုက်ဝါသနာရှင်တို့က တောင်းဆိုတော့ ခဏရပ်ပေးရသည်။

ရတီနှင့်အာရာရားမောင်နှမနှစ်ယောက်က ကျန်တဲ့အချိန်တွေသာ မတည့်ရင်မတည့်မယ်။ အပြန်အလှန်ပုံရိုက်ပေးတဲ့အချိန်၊ Shopping ထွက်တဲ့အချိန် မှာတော့ ညီသည်။ နောက်မှ နင်ရိုက်ပေးတာ မလှဘူး .. ငါရိုက်ပေးတာ ဘယ်လိုနဲ့ အသံတွေထွက်လာလိမ့်မယ်။

ရတုက ကျောက်တုံးပေါ်တတ်ပြီး Backgroundကောင်းကောင်း နှင့် မိမိပုံကို ရရန် တစ်ကိုယ်တည်းကြိုးစားနေသည်။ Selfie Stickမပါ၊ ပုံရိုက်ခိုင်းဖို့လူလည်းမရှိ။ ဝေယံနှင့်နေလင်းနှစ်ယောက်လည်း အတွဲညီနေသည်။

အများတကာက ကိုယ့်ဖုန်းနှင့်ကိုယ့်ကင်မရာနှင့် အပြိုင်အဆိုင် ဓာက်​ဖမ်း​နေကြသည်။ ဘာမှမရှိသော ကြည်နူးက ဆွယ်တာအင်္ကျီထဲကို လက်ထည့်လျှက် ခပ်ကုပ်ကုပ်နှင့် ဟိုကြည့်ဒီကြည့် ယောင်တောင်တောင် လုပ်နေသည်။ မင်းမြတ်က ကားပေါ်ကမဆင်း။

Waking Love UPOn viuen les histories. Descobreix ara