EP-2

47.2K 4.3K 47
                                    

""မင်းက တကယ့် ဘာမထီတွေ နေတဲ့ S1ကိုမှ ရောက်သွားတာကိုး""

ဝင်းမြင့်ဟန်စကားကြောင့် နဂို ရှုတည်တည်ဖြစ်နေသည့် ကြည်နူးမျက်နှာ မှုန်ကုပ်သွားသည် .. ၀င်းမြင့်ဟန်က ဒီကျောင်းက ကျောင်းသားဟောင်းဖြစ်တာကြောင့် ကြည်နူးမသိတဲ့ ဒီကျောင်းအကြောင်း အကုန်သိနေမှာပဲလေ ...

""အဲ့အခန်းက ဘာမိုလို့လဲ .. ""

""အဲ့အခန်းက ငါတို့ကျောင်းမှာရှိတဲ့ အတန်းတိုင်းရဲ့ Special Top 1 ကွ ... အဲ့အခန်းရော အဲ့အခန်းမှာနေတဲ့ လူတွေကိုပါ မင်း ရှောင်လင်သိုင်းကွက်အစုံနဲ့ ရှောင်တိမ်းနိုင်မှ ဒီကျောင်းမှာ မင်းအသက်ရှည်မယ် .. ""

""အဲ့လောက်တောင် ဖြစ်နေရအောင် သူတို့က ဘာတွေမိုလို့လဲ""

တခမ်းတနား ဖွဲ့ဆိုနေသော ၀င်းမြင့်ဟန်ကို ဒေါသတွေဖြစ်လာပြီး လက်ထဲမှ ပေါင်မုန့်ကို လက်ဖြင့် ကျစ်ကျစ်ပါအောင် ညှစ်ဆုပ်ပစ်ပြီး ကုန်းအော်သည် ..

ကြည်နူးအခြေအနေကို ၀င်းမြင့်ဟန်က အရသာခံကြည့်ပြီးနောက် စာရေးခုံမှာ တင်ထားသော အအေးဗူးကို တစ်ငုံမျှ သောက်ပြီး

""အဲ့အခန်းက စာတော်တိုင်းလဲ မနေရသလို ချမ်းသာတိုင်းလည်း မနေရဖူး""

""သူတို့က ဘာကောင်တွေမိုလို့ မနေရတဲ့အခန်းမှာ နေနိုင်ရတာလဲ""

""သူတို့က ဘာမထီတွေလို့ ငါပြောပြီးပြီပဲကွာ  ..ပြောရရင်  အတန်းတစ်တန်းမှာရှိတဲ့ ဒိတ်ဒိတ်ကြဲတွေကို Sတပ်ပြီး ပြိုင်ဖက်ကင်းအခန်းတစ်ခုအဖြစ်နဲ့ ခွဲထုတ်ထားတာ...ကျောင်းတစ်ကျောင်းထဲမှာ ပညာသင်နေတဲ့ ကျောင်းသားတွေဆိုပေမဲ့ အိမ်မိဘအသိုင်းအ၀ိုင်းနောက်ခံအင်အားကို ကြည့်ပြီး အဆင့်အတန်း ခွဲခြားပစ်တာ... S1အခန်းကို ဒီကျောင်းကလူတွေအကုန်ကြောက်ရတယ် .အဲ့အခန်းက လူတွေနဲ့ သွားငြိလို့ သူတို့ရဲ့သားကောင်ဖြစ်သွားရင် သူတို့ရဲ့ အနိုင်ကျင့်မှု့ကြောင့် အဲ့ဒီလူရဲ့ ဘ၀က လှသွားပြီ ... အကြောင်းသိတွေကတော့ အဲ့အခန်းဘယ်လောက်ကြီးကြယ်နေပါစေ ဘယ်သူမှ မသွားချင်ကြဖူး .. သူတို့နဲ့ ဝေးဝေးနေတယ် .. ""

"ကျောင်းသူ ကျောင်းသားတွေဖြစ်ပြီး တော်တော်ဆိုးတာပဲ""

""အခန်းတစ်ခန်းလုံးတော့ ဘယ်ဟုက်ပါ့မလဲကွာ.. လုံးဝအေးဆေးတဲ့ ခြွင်းချက် တစ်ယောက်တော့ ရှိတယ်""

Waking Love UPWhere stories live. Discover now