EP-7

37.2K 4K 153
                                    

""မေမေ အိပ်နေပြီလား""

ဒေါ်အေးရီနိုင် အိပ်ပျော်လုဆဲဆဲဖြစ်နေချိန်မှာ အပေါ်မှာ သိမ်းကြုံးဖက်ကာ ရင်ခွင်ထဲခေါင်းအတင်းထိုးဝင်လာသည့် သားကြည်နူးးး

""ဟင် .. အင်း .. မအိပ်သေးပါဖူးးး ဘာလို့လဲသားး""

""မေမေညာတယ် .. အိပ်မှုန့်စုံ့ဖွားအသံကြီးနဲ့ကို""

ကပ်ချွဲနေသည့်ဒီသားလေး အကြောင်းတစ်ခုခုရှိနေပါပြီ ... သားရဲ့ဆံသားနုနုလေးတွေကို ထိုးဆွရင်း

""အခုနိုးသွားပြီလေ .. တော်တော်နဲ့အိပ်ရတော့မှာ မဟုက်ဖူးး သားနဲ့စကားတွေအများကြီးပြောပေးမယ်""

 . သားအမိနှစ်ယောက်ထဲရှိသည့်ဘ၀မို့ စားဝတ်နေရေးအတွက် လုံးပန်းနေရတာနဲ့ ဒီသားလေးကို အချိန်မပေးနိုင်ခဲ့ .. သားက တစ်ယောက်ထဲအနေများတာကြောင့် ကိစ္စတော်တော်များများကိုလည်း အရွယ်နှင့်မလိုက်အောင် တစ်ယောက်ထဲ စွမ်းဆောင်နိုင်သည် ... ချက်တာပြုတ်တာ .. အ၀တ်လျှော်တာ .. စသဖြင့်ပေါ့. သမီးတစ်ယောက်လိုပင် ဒေါ်အေးရီ အိမ်မှု့ကိစ္စကို လှည့်ကြည့်စရာမလို ...

အပြင်ပုံစံကသာ သွက်သွက်လက်လက်နှင့် ပေါ့ပါးတတ်ပေမဲ့ ငယ်ငယ်လေးထဲက ဖတဆိုးလေးလဲဖြစ် အခြေခံလူတန်းစားလည်းဖြစ် တစ်ယောက်ထဲနေရပါများတော့ အများနှင့်ယှဉ်လျှင် သိမ်ငယ်သည့်စိတ် အားငယ်သည့်စိတ် ဒီကလေးဆီမှာ ခိုဝင်နေသည် .. ထိုစိတ်ကို ဖုံးကွယ်နိုင်ရန် စိတ်ဓာက်မာသူ ဆက်ဆက်ကြဲ ဖိုက်တာအသွင်ဆောင်ထားတာလည်း မိခင်ဖြစ်သူ သိသည် ..

ကျောင်းသစ်မှာ တစ်ဖတ်သက် အနိုင့်ကျင့်ခံရပြီးထဲက ဒီကလေးတစ်နေ့တစ်ခြား မျက်နှာလေးညှိုးနေတာ သတိထားမိသော်လည်း အခြေတည်စ ဆိုင်တစ်ဖက်နဲ့ဆိုတော့ ဒီကလေးအနားမှာ နေမပေးနိုင်ခဲ့ ..

ဒီသားလေးက မအေအပေါ်မှာလည်း သိပ်ကိုသိတတ်ညှာတာတဲ့ကလေး ... မအေတစ်ယောက်ထဲ ရုန်းကန်နေရတာ သိတော့ တော်တန်ရုံမပူဆာတတ် .. လိုချင်တာရှိရင်တောင် သူ့မုန့်ဖိုးလေးတွေစုပြီး ၀ယ်တဲ့ကလေးး အ၀တ်အစားအသုံးအဆောင်နဲ့ပတ်သက်ပြီး ဘာမှညာမှ မပူဆာ .. ဆင်တာနဲ့ဝတ်တယ် ... ခုချိန်ထိသူ့ပိုက်ဆံနဲ့သူ ၀ယ်တာဆိုလို့ အစားအသောက်ပဲရှိလိမ့်မည် . ကျန်တာ အ၀တ်အတွက်ဖိနပ်အတွက် တခါမှ အကုန်အကျမခံတတ်တဲ့ကလေးးး ဒီအရွယ်ထိတိုင်အောင် သူမ ၀ယ်ပေးမှ ၀တ်တတ်တဲ့ကလေးးး

Waking Love UPWhere stories live. Discover now