EP-51

29K 3.5K 994
                                    

""မင်းတို့ ဘာဖြစ်လာတာလဲ""

ဒေါ်စောမြသီတာက အံ့သြစွာ မေးသည်။

မင်းမြတ်က ကိုင်ဆွဲထားသော ဒီပါ့လက်ကို လွှတ်ချလိုက်သည်။ ဧည့်ခန်းက စားပွဲကြီးပေါ် ကားသော့ကို ပစ်တင်ပြီး setteeထိုင်ခုံပေါ် ခြေပစ်လက်ပစ် ထိုင်လိုက်သည်။

""ပြောရမဲ့ စကား ရှည်တယ်၊ မတ်တပ်ကြီးနဲ့ဆို ညောင်းမယ်၊ လာထိုင် .. ဒီပါ""

တစ်ယောက်ထိုင် ထိုင်ခုံလွတ်တစ်ခုကို မျက်စပစ်ပြလျှက် မင်းမြတ်ဖိတ်ခေါ်သည်။ ဒီပါက မိသားစုသုံးယောက်၏ တင်းမာသောမျက်နှာထားများကို တစ်ယောက်ချင်းစီ ဝေ့ကြည့်ပြီး

""မင်းတို့မိသားစုစကားဝိုင်းက ငါနဲ့ဆိုင်လို့လား""

""ငါ့မိဘတွေကို တွေ့ဖို့ လာတာဆို၊ ထိုင်မှာသာ ထိုင်စမ်းပါ၊ မင်းမပျင်းရပါဘူး၊ မင်းစိတ်ဝင်စားမဲ့အကြောင်းတွေကို မင်းကို တိုင်တည်ပြီး ပြောမှာ၊ အထူးသဖြင့် င့ါကို နင်းချေခဲ့တဲ့ အချစ်ဦးမျက်နှာကို ကြည့်ပြီး ပြောချင်တာ""

ဒီပါက မကျေမချမ်းဖြင့် အံတစ်ချက်ကြိတ်ပြီး ထိုင်ခုံမှာ ၀င်ထိုင်သည်။

တစ်ချိန်လုံး သူတို့နှစ်ယောက်ကို ကြည့်နေသော အမိ,အဖဖက် မင်းမြတ် လှည့်ထိုင်လိုက်သည်။

""အမေနဲ့ကျွန်တော့်ကြားက အလောင်းအစားကို မှတ်မိသေးလား""

ဒေါ်စောသီတာက ၀န်မခံလိုစွာ မျက်နှာလွှဲလိုက်သည်။

""မမှတ်မိဘူး""

""အမေ အသက်ကြီးနေပြီပဲ""

ကိုယ့်ဘာသာ ရေရွတ်လျှက် မင်းမြတ်က ခေါင်းတဆက်ဆက်ညိမ့်သည်။ မင်းမြတ်က တင်းခနဲဖြစ်သွားသော ဒေါ်စောမြသီတာကို ဥပေက္ခာပြုလျှက် သူ့စကားကို ဆက်ပြောသည်။

""ဖြစ်နိုင်ပါတယ် ... သုံးနှစ်ကျော်ခဲ့ပြီကိုးး အမေ မေ့သင့်ပါတယ်။ ဒါပေမဲ့ အမေ ... ကျွန်တော်ကတော့ မမေ့ဘူး။ မမေ့ခဲ့သလို အဲ့ဒီ့လောင်းကြေးကို သားလိမ္မာအဖြစ် ကျွန်တော် အခုထိ ပေးဆပ်နေခဲ့ပါတယ်""

""မင်းပြောချင်တာ ဘာလဲ သားမင်းမြတ်""

ဦးကောင်းစံက စိတ်မရှည်စွာ ၀င်ပြောသည်။

Waking Love UPWhere stories live. Discover now