2. အတုမို့ပါ

Start from the beginning
                                    

သို့သော်

နေ့လည်သို့ ရောက်သည့်တိုင် စိန်လက်စွပ်ကြီးမှာ ခါးပိုက်နှိုက်များ ခိုးယူသွားဖို့ ဝေးစွ ၊ သူ့အိပ်ကပ်အတွင်းဝယ် ပြောင်ပြောင်ရောင်ရောင် တလက်လက်ဖြင့် ရှိနေလေသေးသည် ။

ထို့ကြောင့် Namjoon မှာ အကြံပေါ်ကာ ဈေးအတွင်းရှိ Toilet သို့ ၀င်၍ နံရံတွင်

"ဟေ့ ခါးပိုက်နှိုက်တွေ "

မင်းတို့ ဒုံးဒယ်မွန်း ဈေးက ခါးပိုက်နှိုက်တွေ တော်လှတယ်ဆိုပြီးတော့ ငါအိပ်ကပ်ထဲက လက်စွပ်ကိုတောင် မနှိုက်နိုင်ကြပါလား ၊ ငါမနက်ကထဲက ဈေးထဲမှာ လျှောက်သွားနေတာ သိကြရဲ့လား ။

ပုံ / ဥပဒေအကြံပေးအရာရှိ
Kim Namjoon

ဟူ၍ စာရေးပြီး ထွက်ခဲ့လေသည် ။

ဒါပေမဲ့ Namjoon တစ်ယောက် မကျေမနပ်ဖြင့် ဈေးအနှံ့ လှည့်ပတ်နေပြန်၏ ။

တကယ်တော့ သူ့ခင်ပွန်း Jin ခံခဲ့ရသည့် ခါးပိုက်နှိုက်ဆိုသည်ကို တွေ့ချင်လှ၏။

သို့သော် အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးပြီး ညနေစောင်းလေသည့်တိုင် သူ့အိပ်ကပ်ထဲရှိ လက်စွပ်မှာ အရာမယွင်းပေ ။ ဘာခါးပိုက်နှိုက်နဲ့မှ မတိုး ။

ထို့ကြောင့် နောက်ဆုံးတော့လဲ Namjoon တစ်ယောက် သူ့ပစ္စည်းကို သူ မပျက်မယွင်း မပျောက်မရှအောင် သေချာထိန်းသိမ်းနိုင်သည်မို့ ကျေနပ်စွာဖြင့် ပြုံးရင်း ဈေးမှ မထွက်ခွာခင် အပေါ့အပါးသွားရန် Toilet သို့ ထပ်ခါ ၀င်လိုက်လေသည် ။

ထိုသို့ အိမ်သာထဲရောက်ချိန်တွင်မူ
သူစာရေး ထားခဲ့သော နံရံ၌ စာတစ်ကြောင်း တိုးနေသည်ကို တွေ့၍ အံ့သြစွာဖြင့် ဖတ်ကြည့်လိုက်ရာ တွင်မှာတော့

သို့/
ဥပဒေအကြံပေးအရာရှိ Kim Namjoon

ကျွန်တော်တို့ လူကြီးမင်းအိပ်ကပ်ထဲက စိန်လက်စွပ်ကို နှိုက်ယူပြီး သေချာစစ်ဆေးကြည့်ခဲ့ပါသည် ။ သေသေချာချာ စစ်ဆေးကြည့်လိုက်ချိန်မှာတော့ အတုကြီးဆိုတာ သိခဲ့ရတဲ့ အတွက် လူကြီးမင်း အိပ်ကပ်ထဲ ပြန်ထည့်ပေးထားတာ မနက်ကထဲကပါ ခင်ဗျာ

BTS Make Me Smile [ Completed ]Where stories live. Discover now