Thingyan special (2)

Start from the beginning
                                    

"ပီပီ"

အသက်ဘေးမှ လွတ်မြောက်ပြီးနောက် ကြားလိုက်ရသော အိမ်ရှေ့က ကားဟွန်းတီးသံ။

"ဟျောင့်သွားမယ်!"

ရုပ်ကို မမြင်ရသေးပေမဲ့ ကြားလိုက်ရတဲ့ ပြတ်သားလှသောအသံဟာ ခွန်းရှီးရဲ့အသံဆိုတာ တစ်ရာ ရာခိုင်နှုန်းလောက်သေချာပါတယ်...

ကျွန်တော် ခြံထဲကို ဆင်းကြည့်လိုက်တော့...
သေချာပါတယ်။ ပျောက်နေတာ ကြာပြီဖြစ်တဲ့ အရှီးလေးဆိုတာ...

"လာလေကွာ!"

"မင်းဘယ်လိုလုပ်ရောက်လာတာလဲ။"

"ဝါတာပါတီ ရေပါတီလေကွာ။
ငါက မင်းမပါပဲ ဘယ်တုန်းက လည်ဖူးလို့လဲ။"

အော်အင်း...
အပြောကတော့ကောင်းသပ...
လူကတော့ အမိုးပွင့်ကား နောက်ဖုံးမှာ ရပ်ရင်း ဘေးက ဥာဏ်ရဲ့လက်ကို တွဲထားလျက်...

ူငယ်ငယ်တုန်းက အိမ်ကမလွှတ်လို့ ကျွန်တော်နဲ့သူ မလည်ရတဲ့ နေ့လေးတွေကိုမှအားမနာ ပြောထွက်လိုက်ပုံက ဘယ်တုန်းက ကျွန်တော်မပါပဲ လည်ဖူးလို့လဲတဲ့ဗျာ 😑😑😑

အဲ့တုန်းကဖြင့် အလည်လွန်လို့ ချိုင်းထောက်နဲ့တောင် နှစ်ပတ်လောက်နေလိုက်ရတာများ 😒😒😒

ထားပါတော့လေ...
လာခေါ်တယ်ဆိုတော့ လည်ရမှာပေါ့။ 😁😁😁

အကျီင်္တွေကလည်း အတော်ပဲ။
ခုနလေးတင် ရေစိုလာတာ။

ကျွန်တော်လည်း ကားပေါ်ရောက်ရော ခွန်းရှီးတစ်ယောက် cotton candy ကိုကြီးကို ကြည့်ရင်း...

"အကို...လာလေ။ သွားကြမယ်။"

"အကို့ကို ခေါ်တာလား။"

"အင်းလေ။ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ကြီးကိုခေါ်တာ။"

ဒီကောင် ကျေးဇူးတော့မေ့ပုံမရသေး...

ကျွန်တော်စဉ်းစားလို့မရတာတစ်ခုက ဘယ်နေရာမှာမဆို အငြင်းခံခဲ့ရတာ ဘယ်လိုလုပ် cotton candy ဆိုင်ရောက်မှ အဆင်ပြေသွားရလဲဆိုတာကိုပဲ...

"ဟိုအကိုလည်းလာလေ။"

ဘေးနားမှမျက်နှာငယ်လေးနဲ့ ရပ်နေသော ကြောင်ဖြူကိုကြည့်ရင်း ပြောလိုက်ခြင်း...

Sweet Like Cotton CandyWhere stories live. Discover now