အဝေးမှာ လွင့်နေသော ဖုန်းကို ကြည့်နေရင်း မျက်ရည်က ၀ဲတတ်လာသည်။

ကိုယ်ကိုယ်တိုင် စ,ဆက်သွယ်ချင်သော်လည်း သူ့ဖုန်းနံပါတ် ကိုယ်မသိ။ ဖုန်း Content list မှာ မမှတ်ထားဘူးလားလို့ မေးနိုင်သည်။ ဖျတ်လိုက်တယ်လေ။ သူ့ကို စိတ်ဆိုးမိတိုင်း ဖုန်းနံပါတ်ကို အရင်ဖျတ်တတ်တာ ကိုယ့်အကျင့်။

ရန်ဖြစ်တိုင်း စိတ်ပြေသွားရင် ကိုယ့်ဖက်က အရင်စခေါ်မိမှာစိုးလို့ ဖုန်းနံပါတ်ကို ဘယ်တော့မှ ဦးနှောက်မှာ အလွတ်မကျက်။ အခုဖုန်းနံပါတ်ဖျတ်လိုက်တော့ လူက ရွစိတတ် စခေါ်ချင်ပါသော်လည်း ဖုန်းနံပါတ်မသိတော့ မခေါ်ဖြစ်။

ဖုန်းနံပါတ်သိလျှင် စိတ်မရှည်တတ်တဲ့ ကိုယ်သာ စဆက်သွယ်မိမှာ ဧကန်။ အခု ဖုန်းနံပါတ်မသိတော့ အေးရော။ မသိရင် ကိုယ်ဟာ သူ့ထက် ပြတ်သားနိုင်သူ။ အမှန်က ဖုန်းနံပါတ်မရှိလို့သာ ဖုန်းစမခေါ်နိုင်ခြင်း။

မင်းမြတ်နဲ့ပြသနာတတ်ပြီး ညတစ်ညသာ ကြည်နူး မင်းမြတ်ကို ဖြတ်နိုင်သည်။

ညအိပ်ပြီး မနက်ခင်းမှာ အိပ်ရာ နိုးနေသော်လည်း သူ့ဖုန်းမ၀င်မချင်း အိပ်ရာက မထတော့တဲ့ အကျင့်စွဲနေပြီ။ မျက်လုံးနှစ်လုံးပွင့်တာနှင့် သူဘာလို့ ဖုန်းမခေါ်တာပါလိမ့် တွေးမိပြီး အော် .. သူ့ကိုငါ ဖြတ်ထားတာပဲလို့ ဆင်ခြင်တုံတရား ကန့်ရသည်။

ကိုယ်နှင့် အဆက်အသွယ်မလုပ်တဲ့အချိန်မှာ သူတော့ ဘယ်လိုနေမလဲမသိ။ ကိုယ်တော့ နေမထိ၊ ထိုင်မသာ။

ဘယ်နေရာက ဘယ်လို surpriseဆန်ဆန် ဘွားခနဲပေါ်လာပြီး သူလာချော့မလဲ ... Roဆန်ဆန် အတွေးနှင့် ပထမတစ်ရက်တုန်းက ကိုယ့်အိမ်မှာကိုယ်တစ်ယောက်ထဲ ရှိနေသည့်တိုင် ချွတ်ချွတ်ချွတ် အသံကြားရုံနှင့် ဇာက်လည်,လည် ကြည့်ရတာအမော။

သူ့ကို မေ့နိုင်ရန် စိတ်ပြေလက်ပျောက် လိုင်းသုံးသည်။ သူ့ကို stalkရန်ဆို ပိုမှန်မည်။ မီးစိမ်းနေသော သူ့ account ကို ထိုင်ကြည့်ပြီး အူတယားယား၊ အသဲတအေးအေးဖြစ်ရသည်။

ကိုယ်လည်း လိုင်းပေါ်မှာ ရှိတဲ့အကြောင်း သူသိရန် တွေ့သမျှ အကုန် ထိုင် share။ သူ့ Notiမှာ ကိုယ့်activityတတ်စေရန် .... သူ့ account ထဲဝင် သူ့ကို သူများtag တွဲထားတာကို Like။ သူ့သူငယ်ချင်းတွေလျှောက် Add၊ သိသိမသိသိ သူ့သူငယ်ချင်းတွေရဲ့ Posts အောက်မှာ ၀င် Ment။ ရှားရှားပါးပါး သူ Comment ပေးထားသော သူများPost တွေကို ပြန်ရှာ၊ ထိုPost အောက်မှာ ၀င် Up။ စသဖြင့် စသဖြင့် .... လိုင်းပေါ် ကိုယ်ယောင်ကိုယ်ဝါပြရသည်။ 

Waking Love UPWhere stories live. Discover now