ဘာပဲပြောပြော လက်ထပ်ပွဲပျက်ပြီးထဲက ချစ်ရသူလည်းဆုံးရှုံး သားငယ်ကြောင့်ပါ စိတ်သောကများနေရတဲ့အပြင် အလုပ်မှာလည်း တာဝန်ပိနေတဲ့ သားကြီး ဘယ်လောက်တောင်မွန်းကြပ်နေရှာမလဲ … ခက်တာက သူက ဘယ်သူ့မှရင်မဖွင့်လေတော့ ဒီတိုင်းကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်

…………………………………………………
*ငါတို့ခဏလောက်တွေ့ပြီး စကားပြောကြရအောင်

Sehun နှုတ်ခမ်းအစုံကို ဖိကိုက်လိုက်ပြီး Phကို အိပ်ရာပေါ်ပစ်ချလိုက်သည်။

အရင်အချိန်တုန်းကသာ ဒီလိုစာမျိုး သူ့ဆီရောက်လာခဲ့ရင် သိပ်ပျော်မိမှာ …

ဘာအတွက်လဲ ကိုကို

ထွက်သွားတော့မှာမလို့ ကျေးဇူးတင်မလို့လား

ဒါမှမဟုတ် အခုချိန်ထိ မထွက်သွားရသေးတာအတွက် အပြစ်တင်မလို့လား

……………………………………………………

အပေါ်ကနေ longcoat တစ်ထည်ထပ်ပြီး ဦးထုပ်ကို ခေါင်းစွပ်လိုက်ကာ တိုက်ခန်းအပြင်ထွက်လာတော့ Sehun ရှိရာဆီ တည့်တည့်မတ်မတ် လျှောက်လှမ်းလာသည့် တစ်ယောက်သောသူ

"မတွေ့ရတာကြာပြီနော်"

Sehun မကြားချင်ယောင်ဆောင်ပြီး ရှေ့ဆက်သွားကာ ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။ တံခါးပွင့်လို့ သူ အတွင်းထဲဝင်မလို့ လုပ်တော့ ထိုသူက သူ့ထက်အရင် အတွင်းထဲဝင်လိုက်သည်။

"အရင်အတိုင်းပဲ ကလေးက ကိုယ့်ကိုဆို အမြင်မကြည်ဘူးပဲ … ကိုယ့်လက်ထပ်ပွဲက ရှေ့အပတ်ထဲမှာ… ဒီလောက်ဆို ကလေးကျေနပ်တယ်မလား "

"ဂုဏ်ယူပါတယ် Hyung … ပျော်ရွှင်ပါစေ"

Sehun ထိုမျှသာပြန်ပြောပြီး တံခါးပွင့်လာတာနဲ့ ထွက်သွားလိုက်သည်။

ဓာတ်လှေကားအတွင်းတွင်တော့ အပြင်ထွက်ဖို့ မေ့လျော့စွာ ခံစားချက်ပေါင်းစုံနဲ့ ကျန်ခဲ့သည့် သူတစ်ယောက်

…………………………………………………

ပတ်ပတ်လည်မှန်တွေကာချထားသည့် အသံလုံအခန်းအတွင်း မလှုပ်မယှက်ထိုင်နေသည့် Sehunကိုကြည့်ကာ Chanyeol အသက်ရှူဖို့တောင် မေ့လျော့နေမိသည်။

Venus Flytrap  ( Book 1 )Where stories live. Discover now