************************************

ငါ့ကြောင့် နင်ခံစားခဲ့ရတာ...ငိုကြွေးခဲ့ရတာတွေကို ကျေနပ်တယ် ဟိန်းမာန်...

ဟုတ်တယ်...
နင်ဟာ ပျော်ရွှင်မှုနဲ့ ထိုက်တန်သူတစ်ယောက်မဟုတ်ဘူး။

နင့်ဘဝဟာ ဝမ်းနည်းမှုတွေနဲ့ပဲ ပြည့်နေရမှာ။

ပြီးတော့...
အချစ်စစ်ကို တွေ့နေပြီ...ဟုတ်လား...

ဟက်ဟက်...
အဲ့ဒီ ရှိုင်းယံဆိုတဲ့ ကောင်လေးဟာ ဒီကမ္ဘာမြေကြီးကို အနှေးနဲ့အမြန်စွန့်ခွာသွားရတော့မယ့်သူပါဟာ...

နင့်ရဲ့ဘဝမှာ ဒုတိယအကြိမ် အရှင်လတ်လတ်နဲ့ ငရဲကျခံရတဲ့ အရသာကို ခံစားစေရမယ်။

စောင့်ကြည့်နေလိုက်စမ်းပါဟိန်းမာန်...

ဟက်ဟက်...

ဘုရင်မင်းမြတ်...

************************************

ဟင့်အင်း...
ကျွန်တော်ဖွင့်ပြောရမယ်။
ဖွင့်ပြောမှဖြစ်မယ်။

ဒီလိုနဲ့ သူများလက်ထဲကို ပါသွားရင် မင်းပဲအသဲကွဲရမှာ။

ဖွင့်ပြောလိုက်ရင်ရှုံးစရာမရှိဘူး။

သူကရှောင်ဖယ်နေရင်တောင် ရှိုင်းယံတို့က ကပ်ပါးကောင်လို လိုက်ကပ်နေလို့ရတယ် 😁😁😁

ဟုတ်တယ်...
Fighting ရှိုင်းယံ 💪💪💪
ငါဖွင့်ပြောမယ် 😤😤😤

ကျွန်တော် cotton candy ကိုကြီးနားကို တဖြည်းဖြည်း လျှောက်သွားလိုက်တယ်။

သူကတော့ သူ့ရဲ့သွားတက်လေးများပေါ်အောင် ပြုံးကာ ကျွန်တော်ကိုကြည့်နေလျက် 😳😳😳

အခုလေးတင်အားမွေးထားတာတွေက ဘယ်ရောက်သွားမှန်းမသိ...

ကျွန်တော်သိတာတစ်ခုက ကျွန်တော့်ရဲ့ ရင်ခုန်သံတွေ မြန်ဆန်နေတာကိုပဲ 😳😳😳

သူထကာရပ်လိုက်ပြီး ကျွန်တော့်ရဲ့ပါးနှစ်ဖက်ကို ဖြစ်ညှစ်လိုက်တယ်။

ဒုတ်ဒုတ်...ဒုတ်ဒုတ်...ဒုတ်ဒုတ်...

"ပူရင်လည်း ပါးတွေရဲတက်လာတာလား။ ဒီတစ်ခါတော့ ရေခဲတုံးပေးမှဖြစ်မယ်။"

ဆိုပြီး ကျွန်တော့်ရဲ့ပါးနှစ်ဖက်ကို ဟမ်ဘာဂါထဲထည့်ညှပ်ထားတဲ့ အသားပြားလိုညှစ်ပြီး ဟိုလှည့်ဒီလှည့် လုပ်နေလေရဲ့။

Sweet Like Cotton CandyWhere stories live. Discover now