""လွန်ခဲ့တဲ့သုံးနှစ်က အမေနဲ့ကျွန်တော် အလောင်းအစားတစ်ခုလုပ်ခဲ့တယ်""

မသိသလိုနေ,နေသော ဒေါ်စောမြသီတာမျက်နှာကို တည့်တည့်ကြည့်လျှက် မင်းမြတ်က ဆက်ပြောသည်။

""ကျွန်တော့်ကို အခြောက်အဖြစ် နားလည်လက်ခံနိုင်တဲ့ သူ ဒီလောကမှာ တစ်ယောက်ဖြစ်ဖြစ် ရှိခဲ့ရင် ကျွန်တော် နေချင်သလို နေလို့ရတယ်တဲ့။ အပြန်အလှန်လောင်းကြေးအနေနဲ့ မရှိခဲ့ရင် ဖေဖေ့သားလေး မေမေ့သားလေးအဖြစ် အဖေနဲ့အမေ ပုံစံသွင်းတဲ့အတိုင်း နေရမယ်တဲ့.... ကျွန်တော် လက်ခံခဲ့တယ်။ တစ်ယောက်သောသူကို ယုံကြည်ပုံအောပြီး ကျွန်တော့်ဘ၀တစ်ခုလုံးကို လောင်းကြေးထပ်ခဲ့ပါတယ်""

မင်းမြတ်က ဒီပါကို စိုက်ကြည့်လာသည်။ ဒီပါက မင်းမြတ်ရဲ့အကြည့်စူးစူးကို မသင်္ကာဟန်ဖြင့် ဘေးဖက်ဝဲယာကို ဝေ့၀ဲကြည့်သည်။

""ငါ... ငါလား... အဲ့ဒီလူက""

ဒီပါက ကိုယ့်ကိုယ်ကို လက်ညှိုးပြန်ထိုးလျှက် မရဲတရဲမေးသည်။

""အမေနိုင်ခဲ့ပါတယ်။ ကျွန်တော် ပိုးစိုးပက်စက် ရှုံးနိမ့်သွားတယ်""

မင်းမြတ်က ဒီပါကို အကြည့်မလွှဲပဲ ဆက် ပြောတော့ ဒီပါ မင်သတ်သွားသည်။

မင်းမြတ် ရှုံးနိမ့်စေခဲ့တာ သူ့ကြောင့်လား .....

""အဲဒီ့အရှုံးက အခုလက်ရှိ သားလိမ္မာစံပြကျောင်းသား မင်းမြတ်ဖြစ်စေခဲ့တယ်။ သုံးနှစ်ကျော်ခဲ့ပြီ .. အမေ အခု အဲ့ဒီ့အလောင်းအစားကို ပြန်စခွင့်ရှိဦးမလား""

""ပစ္စည်းတိုင်းမှာ Expire Date ရှိတယ်။ အခု အဲ့ဒီ့အလောင်းအစားလည်း သုံးနှစ်ကျော်မှာ ကုန်ဆုံးရက်ကို ကျော်လွန်သွားပြီ စောသီဟ""

ဒေါ်စောမြသီတာက ရဲရဲဝံ့ဝံ့တုန့်ပြန်သည်။

""ဒါဆို ကျွန်တော့် လောင်းကြေးလည်း Date out ပြီပေါ့။ အမေနဲ့ကျွန်တော့်ကြား ဘာကတိက၀တ်မှ မရှိတော့ဘူး""

""ဘာပြောလိုက်တယ် ... စောသီဟ""

ဒေါ်စောမြသီတာ ပြာသွားသည်။ မင်းမြတ်က မူမပျက်....

""ဒါပေမဲ့ ကျွန်တော် မရက်စက်ပါဘူး။ အမေ့လို ကျွန်တော်အခွင့်အရေး ပြန်ပေးမှာပါ""

Waking Love UPWhere stories live. Discover now