ဒီနေ့ကျမှ alarm မကြားမှာစိုးလို့ဆိုပြီး ringtone ကို မိုင်ကုန်ဖွင့်ထားတာ...

ဒါပေမဲ့ နိုးလားဆိုတော့မနိုးဘူး။ မားမီရဲ့ ဆော်သြသံကြောင့်သာနိုးထလာခြင်း...

လမ်းလယ်ခေါင်ကြီး cheer ထ up တော့ လူတွေအားလုံးရဲ့ ဝိုင်းကြည့်ခြင်းကိုခံရလျက်...

ခုနက နီနေတဲ့ပါးတွေ မီးတောင်ပေါက်သလိုတော့ ဖြစ်တော့မှာပဲ 😑😑😑

ရှက်လက်တာ 😣😣😣

"ဟယ်လို"

"မလာနိုင်တော့ဘူးလား...မင်းရဲ့ fan တွေစောင့်နေတာဖြင့်ကြာနေပြီ။ ငါလည်းသေဖို့ပဲ ကျန်တော့တယ်။ မင်းမလာရင်တော့...အစ်...အစ်...အစ်"

"ဟျောင့်...ရှီး!!!
ခွန်းရှီး!!!
အဆင်ပြေရဲ့လား။
ခနလေးပဲစောင့်။ ငါလာနေပြီ။"

ကျွန်တော်ကတော့ ခွန်းရှီးတစ်ယောက်ကိုကယ်ဖို့ ကျောင်းတော်ဆီသို့ ခြေကုန်သုတ်ပြေးလိုက်ရလေရဲ့...

ကျောင်းရှေ့က မြင်ကွင်းကတော့ ထင်ထားတဲ့အတိုင်းပဲ...

ခွန်းရှီးတစ်ယောက် လူအုပ်ထဲမှာ မသေရုံတမယ်။

"Hello အချောလေးတို့ရေ။ 😎"

ကျွန်တော်မျက်စိတစ်ဖက်မှိတ်၊ လက်လေးတစ်ဖက်ထောင်လိုက်သည်။

"အား!!!"

"ကိုကိုpink...ရှိုင်းလေး...ယံယံလေး...ပန်းပွင့်လေး...အကို့ရဲ့ အသည်းလေး..."

မိန်းကလေးများသာမက ယောကျာ်လေးများရဲ့ ဝိုင်းရံခြင်းကို ခံရသောကျွန်တော် 😑😑😑

ဘဝကြီးဟာ ချောလွန်းတော့လည်း ခက်ရှာတာပေါ့ဗျာ 😅😅😅

"ကိုယ်တော်ချော...ပေါ်လာသေးတယ်နော်။"

အမေးနဲ့အတူ သူ့ရဲ့မျက်စောင်းများက ကျွန်တော့်ပေါ်သို့ သက်ရောက်ဘာခဲ့သည်။

"ကိုယ့်ရဲ့တစ်ဦးတည်းသော အခင်ဆုံးလေးရှီးကို ကယ်ဖို့ဆိုတော့ လာရတာပေါ့ဗျာ။ ဟက် ဟက် ဟက်"

"အေး...မင်းကတော့ခုမှလာ။
ခုတော့ ငါ့ရဲ့ ဥာဏ်လေး...လွတ်ပါပြီကွာ။"

ကျွန်တော့်ရဲ့ အခင်ရဆုံး သူငယ်ချင်းလေး ခွန်းရှီး...

Sweet Like Cotton CandyWhere stories live. Discover now