Ep.5

3.9K 341 5
                                    







အ​မေ တကယ်​ပဲ ကျ​နော်​က အ​မေ့သားအရင်း မဟုတ်​ခဲ့ဘူးလား ၊ ကျ​နော်​ဟာ တကယ်​ပဲ အ​မေတို့အတွက်
ဂြိုလ်​​ဆိုး တစ်​​ကောင်​ပဲလား ။

" မိုင်း .. နင်​ အဲ့ဒါ​တွေ ဆွဲပြန်​ပီ .. အဲ့ဒါ​ကြောင့်
ငါ့သူငယ်​ချင်း​တွေက နင့်​ကိုအ​ခြောက်​လို့​ပြောတာ ..
ပုံစံက ​ပျော့တိ​ပျော့ဖက်​နဲ့ အလှကပြင်​​သေး "

" အလှပြင်​တာ မဟုတ်​ပါဘူး အမရာ
ပီး​တော့ ငါအ​ခြောက်​လဲမဟုတ်​ဘူး ..ငါ့မှာ
တခြားသူ​တွေလို မျက်​ရစ်​မှမရှိတာ ပီး​တော့
Eyeliner က​ယောက်ျား​လေး​တွေလဲ ဆွဲ​နေကြတာပဲ"

" ဟဲ့ .. လူတိုင်းဆွဲ​ပေမယ့်​ နင့််​ကိုနင်​ပြန်​ကြည့်​အုံး
လူ​ကောင်​က ဖြူဖြူ​သေး​သေး လက်​​တွေဆိုလဲ
မိန်းခ​လေးဖြစ်​တဲ့ ငါ့လက်​ထက်​​တောင်​ ​သေးသွယ်​ပီး
နုဖက်​​နေတာ ​ကျောင်းမှာနင့်​ကို အ​ခြောက်​လို့​ခေါ်​နေကြ
တာနင်​သိလား "

" ​ခေါ် ​ခေါ်​ပေါ့ဗျာ ကျ​နော်​မှမဟုတ်​ပဲ "

" ​အေး နင်​မသိချင်​​ယောင်​​ဆောင်​နိုင်​​ပေမယ့်
ငါရှက်​တယ်​ .. ​နောက်​ကို ​ကျောင်းမှာငါ့ကို
နင့်​အမလို့မ​ပြောနဲ့ "

" ဟဲ့ .. ဒါက ဘာဖြစ်​​နေကြပြန်​တာလဲ
ဖေးလ်​ .. ကိုယ့်​​မောင်​​လေး ဒီ​တစ်​​ယောက်​ထဲ
ရှိတာကို ဘယ်​လို​ပြောလိုက်​တာလဲ "

" သူက သမီး​မောင်​မှ မဟုတ်​တာ အ​မေ "

" ​ဖေးလ်​ ..နင်​ "

" သူ့ပုံစံလဲ ကြည်​အုံး သမီးတို့နဲ့
ဘယ်​​နေရာများ တူ​နေလို့လဲ .. ​ယောက်ျား​လေး
ဖြစ်​ပြီး နုဖက်​​နေတာ .. တစ်​ခါတစ်​ခါကြ
စဉ်းစားမိတယ်​ သူက အ​မေ​မွေးထားတာမှ
ဟုတ်​ရဲ့လားလို့ "

" ကြည့်​စမ်း ကြည့်​စမ်း .. ​ပြောသွားလိုက်​တာ
သား .. သားအမ​ပြောတာ စိတ်​ထဲမထားနဲ့​နော်
ဒီ​ကောင်​မ​လေးက အမြဲတမ်း​​ပေါက်​ကရ​ပြော​နေတာ
အ​မေကသားကို ပိုချစ်​​တော့ သူမနာလိုဖြစ်​​နေတာ "



ထိုအချိန်​က အ​မေ​ပြောသလို မနာလို လို့ဟုထင်​ခဲ့ဖူးတယ်​။
ဒါ​ပေမယ့်​ ခု​တော့ ။
မိုးစက်​​တွေက ကျဲရာမှစိတ်​လာသည်​ ၊ ဝရန်​တာ ကျဉ်းကျဉ်း
လေးမှာ ရပ်​​နေတာမို့ မိုးစက်​​တွေစင်​ကာ ​​အောက်​ပိုင်း​တွေစို​နေပြီ ၊ လဲဝတ်​စရာ မရှိဘူးဆိုတဲ့ အသိဝင်​လာမှ သူ့​ခြေလှမ်း​တွေ အခန်းဖက်​ ဦးတည်​လိုက်​သည်​ ။
အတန်​ကြာ အ​အေးထဲရပ်​​နေခဲ့တဲ့ ​ခြေ​ထောက်​​တွေက
စိတ်​သွားရာ မပါပဲ ၊ မိုး​ရေ​ကြောင့်​ ​​ချော​နေ​သော ​ရေညှိအချို့က ပြိုယိုင်​လဲသွား​သော ခန္ဓာကိုယ်​ကို ထိန်းနိုင်​ခြင်းငှါ မစွမ်းသာပဲ ၊ ဒူး​လောက်​သာ ရှိ​သော လက်​ရမ်းကို​ကျော်​ကာ ပြုတ်​ကျ​တော့သည်​ ။

GENE CHANGE MAN (Tale)Kde žijí příběhy. Začni objevovat