Ep.12

3.5K 296 18
                                    




" အား "

ဘုတ်​ !

" မိုင်း "

" သား မိုင်း​လေး ... ​ဟေ့​ကောင်​​တွေ အခုရပ်​လိုက်​စမ်း
မင်းတို့ ​ပြော​နေတာမကြားဘူးလား "

မိုင်း ​ခြေဖမိုးက နာကျင်​မှူ​ကြောင့်​ ​ခြေ​ထောက်​ခိုင်​​အောင်​ပင်​မရပ်​နိုင်​ ။
သို့​ပေမယ့်​ ချိန်းအနားကို ​ရောက်​နိုင်​ဖို့ သူ့အနားကပ်​လာသူ​တွေကို အားတင်းခုခံ​နေရသည်​။

ချိန်း ခန္ဓာကိုယ်​ထဲက ​သွေး​တွေဆူပွက်​လာသည်​။
သူ့စီဝင်​လာတဲ့ မြှားကို ​ခြေဖြင့်​အကန်​မှာ ရဲခနဲဖြစ်​သွားတဲ့​သွေး​တွေနဲ့အတူ မိုင်းပစ်​ကျသွားခြင်းက သူ့​ဒေါသ​တွေကို
အထိန်းအကွပ်​ မဲ့​စေသည်​။
မိုင်းအခုထိတိုက်​ခိုက်​​နေဆဲ ၊ ဒါ​ပေမယ့်​ ဒါဟာကြာရှည်​ခံနိုင်​ရည်​မရှိဘူးဆိုတာ တစ်​စက်​စက်​ကျ​နေ​သော ​ခြေ​ထောက်​က​သွေးစက်​တို့က သက်​​သေခံ​နေသည်​ ။
ဟောလ်​လစ်​ရဲ့ မုန်းစရာ​ကောင်းလွန်း​သော မဲ့ပြုံးကိုလှမ်းကြည့်​ရင်း တရိပ်​ရိပ်​ တတ်​လာ​သော​ဒေါသက မိုင်းရှီကရ​သော ​သွေးနံတို့နဲ့​ပေါင်းကာ သူ့စိတ်​​တွေ လွတ်​ထွက်​သွား​တော့သည်​။

" အားးးးး! ! "

ကျယ်​​လောင်​လှတဲ့ ​အော်​သံနက်​ကြီး​ကြောင့်​ အနီးနားက တိုက်​ခိုက်​​နေသူ​တွေ ရပ်​တန့်​ကုန်​ကြသည်​။
မိုင်း ​ရှေ့မှာရှိ​နေသူရဲ့ မျက်​နှာမှာ​ကြောက်​ရွံထိပ်​လန့်​ခြင်း​တွေမြင်​​နေရတယ်​ ။
ဒါ​ပေမယ့်​ မိုင်းသူ့ကိုရွယ်​ထားတဲ့ လက်​သီး​ကြောင့်​မဟုတ်​ဘူး။ မိုင်း​နောက်​​ကျောဖက်​မှာရှိတဲ့အရာ​ကြောင့်​ ။
မိုင်း​​ ကိုယ်​ကိုလှည့်​ကြည့်​လိုက်​တဲ့အခါ မထင်​မှတ်​တဲ့အရာ​ကြောင့်​ ​ခြေနှစ်​လှမ်းခန့်​ပင်​ ​နောက်​ကိုဆုတ်​သွားမိသည်​။


ချိန်း နာကျင်​စူးရှစွာ​ ​အော်​ဟစ်​ပြီး​နောက်​မှာ သူ့ကိုယ်​မှအရိုးအဆစ်​ သွင်​ပြင်​​တွေပါ ​လျှင်​မြန်​စွာ ​ပြောင်းလဲကုန်​သည်​။
ချိန်းရဲ့​ခြေ​ထောက်​နဲ့လက်​မှာ ရှိ​နေ​သော သံကြိးတို့က
ကြီးမားလာ​သော ခန္ဓာကိုယ်​ရဲ့ အသားစိုင်​​တွေထဲ မြုတ်​ဝင်​ လုလုဖြစ်​​နေကြပြီ ။
ချိန်း စိတ်​ရိုင်း​တွေပါ ဝင်​လာသည်​ ။
သူ့လက်​နဲ့​ခြေက သံကြိုး​​တွေကို ​ဆောင့်​ရုန်းပစ်​လိုက်​ပြီး
သူ့ကိုထုရိုက်​​နေကြ​သူ​တွေကို ဆွဲယူကိုင်​​ပေါက်​ပစ်​​တော့သည်​။

GENE CHANGE MAN (Tale)Where stories live. Discover now