Ep.8

4K 351 61
                                    


" ဟင်​ "

လက်​ထဲက တံမြတ်​စည်းကိုချကာ အနားတိုးသွားပြီး
အသာ​လေးတွန်းကြည့်​သည်​။ တကယ်​ပဲ ​ပွင့်​​နေ​သော
တခါး​ကြောင့်​ အတိုင်းမသိ​ပျော်​သွားမိသည်​။

လွတ်​ပြီ ....
အခုချိန်​အသာ​လေး ထွက်​သွားလိုက်​ယုံနဲ့ ချိန်းဆို​သောလူကြီးလက်​က လွတ်​​မြောက်​သွားမည်​။
အဆငိ​ပြေနိုင်​မယ်​လို့ မဆိုသာ​ပေမယ့်​ အနည်းဆုံး​တော့
စိတ်​ပင်​ပန်းမှူဒဏ်​က လွတ်​​မြောက်​နိုင်​လိမ့်​မည်​။
ဖေးလ်​​ရော ဘာ​တွေလုပ်​​နေမလဲ အဆင်​​ရော​ပြေပါ့မလား။
ဘယ်​​တော့မှလာမရှာနဲ့ ဒုက္ခမ​ပေးပါနဲ့​တော့လား ...
တကယ်​ပဲ သံ​ယောဇဉ်​ပြက်နိုင်​သွားပြီလား ၊ ဘာပဲဖြစ်​ဖြစ်
ငါ့စိတ်​ထဲမှာ​တော့ နင်​ကအမြဲတမ်းငါ့အမပဲ ​ဖေးလ်​ ။

အစက​တော့ လွတ်​လပ်​ပြီဆို​သော အသိ​ကြောင့်​ အတိုင်းမသိ​ပျော်​သွားခဲ့တာပဲ ၊ ဒါ​ပေမယ့်​ ဘာလို့အခုကျမှ တခါးအပြင်​ကို
လှမ်းဖို့ ​ခြေ​ထောက်​​တွေက ဘာ​ကြောင့်
တွန့်​ဆုတ်​​နေရတာလဲ ။
နောက်​မှာ ထီးထီးကြီးကျန်​ခဲ့သည့်​ အိမ်​ကြီးကို လှည့်​ကြည့်​မိသည်​။ သူ ဒီကိုစ​ရောက်​ခါစနဲ့မတူ​တော့​ပေမယ့်​ အ​ငွေ့အသက်​နဲ့ စိတ်​ခံစားချက်​​တွေက​တော့ အတူတူပင်​ ၊
တကယ်​ပဲ ဒီအိမ်​ဒီ​နေရာကို ခွဲနိုင်​ပါ့မလား ၊ မ​သေချာခြင်း​တွေက ​ခေါင်းထဲတိုးဝင်​လာ​တော့ တခါးကိုကိုင်​ထားသည့်
လက်​က တွန့်​ဆုတ်​လာသည်​။
သူတကယ်​ပဲ ဒီအိမ်​ကထွက်​သွားရုံနဲ့ အဆင်​​ပြေသွားပြီလား။

တံမြတ်​စည်းချထားခဲ့​သော​နေရာမှာ ဖြူလုံးကထိုင်​​နေကာ
အိမ်​ဖက်​ကိုကြည့်​လိုက်​ သူ့ကိုကြည့်​လိုက်​နဲ့ လုပ်​​နေတယ်​။

" ဖြူလုံး မင်းငါနဲ့လိုက်​ခဲ့မလား လာ ဒီကို "

လက်​နှစ်​ဖက်​ဆန့်​တန်း​ခေါ်ပင်​​ပေမယ့်​ ဖြူလုံးကမလှုပ်​ ၊
နေရာမှာပဲ ထိုင်​​နေကာ အိမ်​ကိုကြည့်​လိုက်​သူ့ကို​ငေး​နေလိုက်
လုပ်​​နေသည်​ ။

" မင်းလဲ ဒီအိမ်​ကြီးကို မခွဲနိုင်​ဘူးမှလား ငါလဲ ...."

ဒီအိမ်​ ဒီ​နေရာကို ငါသံ​ယောဇဉ်​တွယ်​​နေခဲ့ပြီ ၊ ငါအမြဲလွတ်​​မြောက်​ချင်​​နေခဲ့​ပေမယ့်​ ခု​တော့ ငါထွက်​မသွားနိုင်​​တော့ဘူး။
ငါမခွဲနိုင်​​တော့ဘူး မင်း​ရော ဒီအိမ်​ကြီးကို​ရော ပြီး​တော့ ။

GENE CHANGE MAN (Tale)Where stories live. Discover now