Ep10

4K 295 7
                                    





" ကျ​နော်​ မသွားဘူး "

" ဘာ "

" လူကြီးက လွတ်​လပ်​ခွင့်​​ပေး​ပေမယ့်​ ..ကျ​နော်
ဒီအိမ်က ​ထွက်​မသွားနိုင်​ဘူးလို့ ...​ပြောတာ "

" ဘာလို့လဲ "

" ကျ​နော်​ ဒီမှာ​နေသားကျ​နေပြီ .. အရင်​တုန်းက
လူကြီးလက်​ထဲက​နေ လွတ်​​မြောက်​ချင်​တာ..
မှန်​တယ်​ ... ဒီအိမ်​က​နေထွက်​​ပြေးချင်​ခဲ့တာ ၊
ဒါ​ပေမယ့်​ .. အခု မဟုတ်​​တော့ဘူး.. .ဒီက
ထွက်​သွားရင်​လဲ ကျ​နော့်​ကို ကြိုဆိုမယ့်​သူ
မရှိဘူး "

" မင်းမိဘ​တွေရှိ​သေးတယ်​​လေ "

" ဟင်​ "

" မင်း အ​ဖေက အရမ်းချမ်းသာတဲ့..
သူ​ဌေးကြီးဖြစ်​တဲ့အပြင်​ .. သု​တေသနလုပ်​ငန်းစုကြီးကို
ပိုင်​တဲ့ ပါ​မောက္ခ တစိဦးလဲဖြစ်​တယ်​...
သူမင်းကို နှစ်​​ပေါင်းများစွာ ရှာ​နေခဲ့တာ .."

" ဒါ ..ဒါကို လူကြီးဘယ်​လိုသိလဲ ..."

" မင်းကိုငါ ​ပြောပီးသားပဲ ..မင်းကို
ဓားစာခံ အဖြစ်​​ခေါ်ထားတာဆိုတာ ...
အခုမလို​တော့ဘူး .. အဲ့ဒါ​ကြောင့်​ မင်းသွား​တော့ ..."

" ကျ​နော်​မသွားချင်​ဘူး "

" ဘာလို့လဲ "

" သူက ကျ​နော့်​အ​ဖေဆိုရင်​​တောင်​ ..
သူ ကျ​နော့်​ကို ငယ်​ငယ်​​လေးထဲက ပြစ်​ပယ်
ထား​သေးတာပဲ ... အခုချိန်​ကြမှ ...."

" သူ ပြစ်​ခဲ့တာမဟုတ်​ဘူး ... ဘာ​ကြောင့်​လဲ
ဆိုတာ​တော့ ရှင်းပြရခက်​လိမ့်​မယ်​ ...တစ်​ခု
သေချာတာက မင်းပြန်​လိုက်​သွားလိုက်​ပါ ...
အပြင်​မှာ သူ​ရောက်​​နေတယ်​ .... မင်းသူ့​နောက်
လိုက်​သွားရင်​ ဒီမှာလို ပင်​ပင်​ပန်းပန်း ​တွေမလုပ်​ရ​တော့ပဲ
အ​ချွေအရံ​တွေနဲ့ ​နေရမှာ ​ကျောင်းလဲပြန်​တတ်​လို့ရမယ်​...
ဒီမှာ ဆက်​ရှိ​နေမယ်​ဆိုရင်​ ....မင်းအတွက်
မ​ကောင်းတာ​တွေပဲ ရလာမှာ ...."

" လူကြီးက ကျ​နော့်​ကို ထွက်​သွား​စေချင်​​နေပြီလား "

" ဒါမင်းဆုံးဖြတ်​ရမယ့်​ ကိစ္စပါ ...အရင်​ဆုံး
မင်းအ​ဖေကို ထွက်​​တွေ့သင့်​တယ်​လို့ ထင်​တယ်​ ...
ငါ့အိမ်​ထဲကို​တော့ ​နောက်​ထပ်​သူစိမ်းအဝင်​မခံဘူး ...
လိုက်​တာမလိုက်​တာ မင်းဘာသာဆုံးဖြတ်​​ပေါ့ "

GENE CHANGE MAN (Tale)Where stories live. Discover now