Ep.6

4K 321 14
                                    







" မင်း တစ်​အိမ်​လုံးကိုသန့်​ရှင်း​ရေးလုပ်​ရမယ်​ "

" ဘယ်​လို "

" ဟုတ်​တယ်​ .. မင်းကိုငါမသက်​ရ​သေး​ပေမယ့်
မင်းအသက်​ကို ကယ်​ခဲ့ရတာ နှစ်​ခါရှိသွားပြီ ..
အဲ့ဒီ​တော့ ငါ့အ​ပေါ်မှာ မင်းအ​ကြွေးထပ်​တင်​သွားပြီ..
ဒီ​နေ့က စပြီး တစ်​အိမ်​လုံးသန့်​ရှင်း​ရေးလုပ်​ရမယ်​..
ခြံထဲမှာ အမှိုက်​​တွေရှင်းရမယ်​ ပြီး​တော့ ငါ့အတွက်
ညစာ ချက်​​ပေးရမယ်​ .."

" ကျ​နော်​ အဲ့ဒါ​တွေ လုပ်​​ပေးရင်
ခင်​ဗျားအ​ကြွေး​တွေကို ​လျှော်​​ပေးမှာလား "

" မ​သေချာဘူး "

" ဟင်​ "

" ​ဒီအိမ်​မှာ​နေရင်​ လိုက်​နာရမယ့်​ စည်းကမ်းရှိ​သေးတယ်
အ​ပေါ်ထပ်​ ညာဘက်​​ထောင့်​က ပိတ်​ထားတဲ့အခန်းကို
ခွင့်​ပြုချက်​မရပဲ မဝင်​ရဘူး .. မစပ်​စုရဘူး..
ပြီး​တော့ ငါနဲ့အနည်းဆုံးနှစ်​လံအကွာမှာ ​နေရမယ်​ "

" um .. ဘာဖြစ်​လို့ "

" ,အဲ့ဒါ စည်းကမ်းပဲ ​ဖောက်​ဖျက်​ရင်
မင်းကို အပြစ်​​ပေးမယ်​ .. အခုချက်​ချင်း သန့်​​ရှင်း​ရေး
သွားလုပ်​​တော့ "

" လူကြီး ခန​လေး "

" ဘာလဲ "

" ကျ​နော်​ ခင်​ဗျားကို ဘယ်​လို​ခေါ်ရမလဲ "

" မင်း အခုဘယ်​လို​ခေါ်လဲ "

" လူကြီးလို့​ခေါ်တာ​လေ .. ကျ​နော်​မှ
ခင်​ဗျား နာမည်​မသိပဲ "

" ငါ့နာမည်​ ချိန်း .. ပီး​တော့ မင်းထက်
အသက်​အများကြီး ကြီးတယ်​ "


ဘာလဲဟ အသက်​အများကြီး ကြီးတယ်​တဲ့ အကိုကြီး​ခေါ်​စေချင်​တာလား မသိဘူး ။ အလွန်​ဆုံးကြီးလှမှ သုံး​လေးနှစ်​​ပေါ့ .. အကိုကြီး​တော့မ​ခေါ်နိုင်​​ပေါင်​ .. အခုနာမည်​သိပြီဆို​တော့ နာမည်​ပဲ​ခေါ်မယ်​ ... ချိန်း ချိန်းဆို​တော့ ​ပြောင်းလဲခြင်း​ပေါ့ ...ဟွန်း အဲ့ဒါ​ကြောင့်
သူ့စိတ်ခနခန​ပြောင်းလဲ​နေတာ ဖြစ်​မယ်​ ခုတစ်​မျိုး​တော်​ကြာ
တစ်​မျိုးနဲ့ ။





GENE CHANGE MAN (Tale)Where stories live. Discover now