"Jonginကြောင့်"

ကျနော် ကိုယ်တိုင်တောင် စိတ်ထဲက ဝေခွဲရခက်နေချိန်မှာ အဖြေတစ်ခုက ဖြေပြီးသွားခဲ့သည်။

"ဒါဆို သူ့ကို လွတ်မြောက်ခွင့်ပေးလိုက်ပါ…သူ့ကို ဖမ်းဆွဲထားရင် ဆက်ပြီး မင်းပဲပင်ပန်းလာလိမ့်မယ်…"

………………………………………………………………

အားလုံးကို မသိချင်တော့ဘူးလို့ ဆုံးဖြတ်ပြီးတဲ့အခါမှ ပြဿနာတွေက တန်းစီပြီးတစ်ခုပြီးတစ်ခု

Baekhyunဆေးရုံတက်ရသည်

သူတက်သည့်ဆေးရုံက Chanyeol ရှိနေသည့် ဆေးရုံဆိုတော့ ကျနော် Chanyeolနဲ့ခုရက်ပိုင်းတွေ မဆုံချင်လို့ သွားမတွေ့တော့

Sehunကတော့ သူ့အဖေလာခေါ်ထဲက ပါသွားတာ ပြန်မလာ… ဘာပဲပြောပြော သူသွားသင့်ပါတယ် ဒါကြောင့်လည်း ကျနော်မတားမိခဲ့တာ

Yi Fan လည်း Accidentဖြစ်ပြီး ဆေးရုံရောက်နေတော့ ဒီရက်ပိုင်း Sehunက လုံးဝပြန်မလာခဲ့သလို ကျနော်သူတို့အားလုံးနဲ့ အဆက်အသွယ်မရှိ။

ဒါမှမဟုတ် ရှုပ်ထွေးလှတဲ့သူတို့နဲ့ ပတ်သက်ဖို့ စိတ်ကုန်သွားခဲ့ပြီလား

သောက်သူမရှိတော့ ကျနော်ဝယ်ထားသည့် နွားနို့ဘူးတွေ ကျနော်ပဲပြန်သောက်နေရသည်။

သူရှိနေတဲ့ရက်တွေတုန်းက အတူတူနေရသည်လို့ မခံစားရသော်ညား သူပြန်ရောက်မလာတော့လည်း မမြင်ရတာကြာသည့် သူ့ကို လွမ်းမိသလိုတော့ ရှိလာသည်။

ဖုန်းဝင်လာတာနဲ့ ကြည့်မိတော့ Baekhyun ဆီက

"Kai…မင်းအဆင်ပြေရင် ငါ့ဆီခဏလာပါလား ပြောစရာတွေရှိတယ်"

ကျနော် ဖုန်းချလိုက်ပြီးတာနဲ့ မသွားတော့ဘူး ဆုံးဖြတ်ထားသည့် နေရာတစ်ခု Baekhyun ကြောင့် သွားရပြန်တော့မည်။

……………………………………………………………………

ကျနော် Baekhyunဆီရောက်လာတော့ Baekhyunက ကျနော်နှင့် နှစ်ယောက်တည်း စကားပြောချင်သည်ဆို၍ တခြားသူတွေ အပြင်ထွက်ခိုင်းကာ lockချထားလိုက်သည်။

"မင်းက Sehunနဲ့ လက်ထပ်ထားတဲ့သူဆိုတော့ Sehunကို စောင့်ရှောက်ထားတဲ့မိဘတွေ ဘယ်မှာရှိနေလဲ သိတယ်မလား…သိရင် အကြောင်းကြားပေးပါလား"

Venus Flytrap  ( Book 1 )Where stories live. Discover now