စတင်​ခြင်း

15.4K 426 12
                                    





မင်္ဂလာပါ ကျ​နော့်​နာမည်​ nibs ပါ ...
အဓိပ္ပါယ်​က​တော့သူများထက်​ 
ခေါင်းတစ်​လုံးသာသူ အ​တွေးအ​ခေါ်မြင့်​မားသူ​ပေါ့ဗျာ....
ကျ​နော့်​အလုပ်​က သု​တေသနလုပ်​ငန်းတစ်​ခုမှာ
အရာဝထ္ထု မျိုးစိတ်ေ​တွကိုဖန်တီးတဲ့​သိပ္ပံပညာရှင်​ပါ ....
ကျ​နော်​က ငယ်​ငယ်​ထဲက အရာဝထ္ထု​တွေကို
စူးစမ်း​လေ့လာရတာ တီထွင်​ရတာ သ​ဘောကျတယ်​ ...
မိဘ​တွေက ဟိုး​ဝေးလံ​ခေါင်​သီတဲ့ ​နေရာ​လေးတစ်​ခုမှာ
စိုက်​ခင်း​တွေနဲ့ ​နေ​စေချင်​​ပေမယ့်​ ငယ်​ငယ်​ထဲက ​ဆေးပညာကို ​လေ့လာချင်​သူမို့ ကျ​နော်​အိမ်​က ထွက်​ခဲ့ပြီး
အခုဆို ဆရာဝန်​ဖြစ်​လို့ အလုပ်​လဲရ​နေပြီ
ပီး​တော့ ကျ​နော့်​မှာ သိပ်​ကိုလှပတဲ့ ဇနီး​လေးတစ်​​ယောက်​လဲ
ပိုင်​ဆိုင်​ထားပီးပြီ​လေ ....
ကျ​နော့်​မိဘ​တွေ​က​တော့ ဆုံးပါးသွားပီဆိုတဲ့ သတင်းကြား
ပေမယ့်​ ကျ​နော်​မပြန်​ဖြစ်​ခဲ့ပါဘူး ...

ကျ​နော့်​ရဲ့ တစ်​​နေ့တာ အချိန်​​တွေရဲ့ ​လေးပုံ ပုံ သုံးပုံခန့်​က
ဓာတ်​ခွဲခန်းထဲမှာပဲ အချိန်​ကုန်​ခံ ​ပေးဆပ်​ခဲ့ရတာ​လေ ....
ကျ​နော်​ မ​ပေးနိုင်​ခဲ့တဲ့ အချိန်​​တွေအတွက်​ နားလည်​မှု​ပေးခဲ့တဲ့သူက​တော့ သူမ ...
ကျ​နော်​ သူမကို သိပ်​အားနာမိတယ်​....
ကျ​နော်​တို့ အိမ်​​ထောင်​သက်​ သုံးနှစ်​တာ စွန်းခဲ့​ပေမယ့်
သားသမီးမရ​သေးဘူး ...
ခ​လေး သိပ်​ချစ်​ပီး သိပ်​လိုချင်​ရှာတဲ့ သူမအတွက်​ ကျ​နော်
မဖြည့်​ဆည်း​ပေးနိုင်​ခဲ့ဘူး....
ဒါဟာ ကျ​နော့်​​ကြောင့်​မှန်း
သိ​နေခဲ့​ပေမယ့်​ သူမရဲ့ ​မျှော်​လင့်​ချက်​ယုံကြည်​ချက်​​တွေက
ကျ​နော့်​ကို ဝန်ခံဖို့​သတ္တိနည်း​စေတယ်​ ....
ဗေဒင်​ ယတြာ နတ်​​မေး သူမ မလုပ်​ဖူးတာမရှိဘူး...
တစ်​ချိန်​ချိန်​မှာ သားသမီးရလာလိမ့်​မယ်​လို့ တစ်​ထစ်​ချ
ယူံကြည်​​နေခဲ့တဲ့ ​မျှော်​လင့်​ချက်​ကို ကျ​နော်​ ရိုက်​မချိုးရက်​ခဲ့ဘူး ....
ဒါ​ကြောင့်​ ကျ​နော်​ ​ကြောက်​စရာ​ကောင်းတဲ့
ဆုံးဖြတ်​ချက်​ တစ်​ခုကို ​ရွေးချယ်​ခဲ့တယ်​ ဒါဟာ အမှားဆိုတာ
သိခဲ့​ပေမယ့်​လည်း​.................။



GENE CHANGE MAN (Tale)Where stories live. Discover now