""၀င်ခွင့်ပြုပါ တီချယ်""
""ရန်ဖြစ်လာတာလား ကြည်နူးနေနိုင်""
""ဟို .. လမ်းထဲမှာ ရန်ဖြစ်နေတာကို ၀င်ဆွဲမိလို့ပါ""
ဆရာမက အလိုမကျဟန် မျက်ခုံးကြုတ်လိုက်ပြီး
""ရှုတ်ရှုတ်ယှက်ယှက်တွေ သိပ်ပါတာပဲ..ကျောင်းသိက္ခာကို ကျစေရင်တော့ ခွင့်မလွှတ်ဘူးနော်""
""ဟုက်ကဲ့ပါ .. တီချယ် .. နောက်ထပ် မဖြစ်စေရပါဘူး""
ကြည်နူးနေနိုင် အခန်းထဲကို ငိုက်စိုက်ငိုက်စိုက်နှင့် ၀င်လာသည်။ မင်းမြတ် ကြည်နူးကို ကြည့်နေရာမှ စာအုပ်ကို ကုန်းဖတ်လိုက်သည်။ ဘာဖြစ်လာသလဲ စိုးရိမ်မိပေမဲ့ ကြည်နူးအကြည့်ကို သူမရင်ဆိုင်ရဲသေး။
စာအုပ်ကို ဖတ်နေသော မင်းမြတ်ကို တစ်ချက်ကြည့်ပြီး ကြည်နူးကိုယ့်နေရာမှာ ကိုယ်ဝင်ထိုင်လိုက်သည်။ တစ်ခန်းလုံးက ကြည်နူး Down တာ ပထမဆုံးတွေ့ဖူးတာကြောင့် အထူးအဆန်းတွေဖြစ်နေသည်။
ဘာတွေ ဖြစ်နေတာလဲ ကြောင်ပေါက်ရာ.....
မနေ့ကတစ်နေ့လုံးနှင့် ညအိပ်ရာဝင်တဲ့အထိ ဘာမှထူးခြားတာမရှိသေးပေမဲ့ .......
ရတု ဖုန်းနံပါတ်တစ်ခုကို Message ပို့လိုက်သည်။
*ဒီမနက်ခင်း လှုပ်ရှားမှု့ကို Mail ပို့ပေးပါ
-------------
ကြည်နူးနေနိုင် သူ့ကို တချိန်လုံးစိုက်ကြည့်နေတယ်ဆိုတာ သိပေမဲ့ မင်းမြတ်ခေါင်းမဖော်ရဲ။ စာအုပ်ထဲမျက်နှာဝင်တော့မတတ် ကုန်းကြည့်နေသည်။
စိတ်ထဲမှာ တစ်နုန့်နုန့်နှင့်
မြင်ရတဲ့ ပါးကအညိုအမဲက ဘယ်လိုဖြစ်တာလဲ။ ဘယ်လောက်ဆိုးရွားသွားလဲ။ ဆေးရောလိမ်းပြီးပြီလား။ အဲ့လူကြီးကလေးကလေ မဆိုင်တာတွေ သိပ်ပါတာ။ နောက်ကြုံမှာ ကောင်းကောင်းကြီး ဆူပစ်လိုက်ဦးမယ်။
မင်းမြတ်မရောက်စေချင်သော ထမင်းစားကျောင်းဆင်းချိန် ဘဲလ်တီးသံကို ကြားလိုက်ရသည်။ ကြည်နူးနေနိုင် အပြင်သို့မထွက်သ၍ မင်းမြတ်နေရာမှာ တုတ်တုတ်မှ မလှုပ်ရဲသေး။
YOU ARE READING
Waking Love UP
Teen FictionThis story book presented by ZAWGYI & UNICODE. Cover Design By @Moa ZAWGYI ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စတယ် .......? UNICODE ရင်ခုန်စရာ ဇာက်လမ်းလေးတစ်ပုဒ်ကို ငါ အခုပြောပြမယ် ..... ဇာက်လမ်းလေးက ဒီလို စ...
EP_31
Start from the beginning