""ဟက်ဟက်""

ထိုလူက ဘာကို အတွေးပေါက်သွားလဲမသိ။ သူ့ရှေ့မှာ ဒူးထောက်နေသော ကြည်နူးနှင့်လက်ထဲက ငွေကိုကြည့်ကာ ဟားတိုတ်ရယ်နေခဲ့သည်။ အချိန်တော်တော်ကြာ ရယ်နေခဲ့ပြီးမှ

""ပိုက်ဆံရှိတဲ့လူတွေများ တောင်းပန်တာတောင် ကိုယ်စားလှယ်နဲ့...ငါလိုချင်တာ ဒါတွေ မဟုက်ဘူး""

အောက်ကိုငုံ့ထားသော ကြည်နူးမျက်နှာ မော့လာချိန်နှင့် မျိုးကိုဦးက လက်ထဲက ပိုက်ဆံထုပ်ကို ပစ်ပေါက်လိုက်ချိန် ကြည်နူးမျက်နှာပေါ် တည့်တည့်ကျသွားသည်။

အ!

ပါးကို အုပ်ကိုင်လိုက်သည်။ ပါးက အနာထက် မေ့ထားသော ရင်ထဲက အနာဟောင်းက ပြန်နာလာသည်။

ငါမှားသွားပြီ။ ပိုက်ဆံနဲ့ဖြေရှင်းလိုက်ရင် မျိုးကိုဦး မင်းမြတ်အပေါ်စိတ်ပြေသွားမယ်လို့ ငါ့ရဲ့တစ်ထွာတစ်မိုက်ဥာဏ်နဲ့ ထင်ခဲ့တယ်။ ငါကောင်ရှင်းတို့ကြောင့် ဆေးရုံတတ်ရတဲ့အချိန်တုန်းက ကောင်ရှင်းတို့ဖြေရှင်းခဲ့တဲ့ နည်းအတိုင်း ဖြေရှင်းမိတယ်။ အဲ့ဒီ့တုန်းက ငါနဲ့အမေဘယ်လောက်သိမ်ငယ်ခဲ့ရလဲ။ ငါအများကြီး စိတ်အားငယ်ခဲ့တယ်။ ငါ နစ်နာသူရဲ့စိတ်ဒဏ်ရာကို ထည့်မတွက်ခဲ့ဘူး ....

ကြည်နူးရဲ့အင်္ကျီစကို မျိုးကိုဦးက ဆွဲကိုင်ထူမပြီး

""ဆုကြေးငွေ .. ဆေးကုသစရိတ် အဲ့ဒါတွေမလိုအပ်ဘူး။ မင်းတို့ရဲ့စံပြကျောင်းသားကြီးကို သွားပြောလိုက်။ နောက်ပြိုင်ပွဲအတွက် နောက်ဆုတ်ပေးပါလို့။ သူ့နေရာမှာ ငါကိုယ်စားပြိုင်ဖို့ ထောက်ခံခိုင်းလိုက်။ ငါ့နေရာကိုပဲ ငါပြန်ရချင်တယ်။ သူ့ရဲ့တောင်းပန်မှု့လည်း မဟုက်ဘူး။ မင်းမြတ်ကို အဲ့ဒါတစ်ခုပဲလုပ်ပေးဖို့ ပြောလိုက်ပါ။။ အဲ့ဒါမှ ငါ စောသီဟမင်းမြတ်ကို ကျေနပ်နိုင်မယ်""

---------------

ကျောင်းတတ်ပြီး ဒုတိယအချိန် စာသင်နေချိန်တွင် ကြည်နူးနေနိုင်အခန်းဝကို ရောက်လာသည်။ အင်္ကျီကကြေမွလျှက် ပန်းနုရောင် မျက်နှာပါးမို့မို့တစ်ဖက်မှာ အခုမူ သွေးခြေဥနေသော အညိုအမဲဒဏ်ရာက စွဲနေသည်။

Waking Love UPNơi câu chuyện tồn tại. Hãy khám phá bây giờ