ကြည်နူးက ထိုင်ရပါများပြီး ညောင်းလွန်းလို့ အညောင်းပြေအညာပြေ အောက်ကို ဆင်းလာခြင်းဖြစ်သည်။ သူများတွေပုံရိုက်တာကြည့်ပြီး ၀ါသနာပိုးကို ကြိတ်သတ်နေရသည်။

""ဟိုကောင် .. ကြောင်ပေါက် .. ဒီကိုလာစမ်း .. ငါ့ကို ပုံရိုက်ပေး""

ကြည်နူးကားပေါ်ပြန်တတ်ရန်ပြင်စဉ် ရတုက ကျောက်တုံးပေါ်ကနေ လွှားခနဲ ခုန်ဆင်းလာပြီး ကြည်နူးလက်ထဲကို သူ့ဖုန်းအတင်းထိုးထည့်ပေးသွားသည်။ သူကကျောက်တုံးပေါ် ပြန်တတ်လျှက် ပိုစ့်အကြမ်းကြီးတွေ ပေးနေသည်။

""ပြီးရင်လည်း ပြီးပြီပြော.. နောက်ပိုစ့်တစ်ခုပြောင်းရအောင် .. သေချာရိုက်ပေး""

""မိုက်လား .. ""

""ဘယ်လိုပိုစ့်ပေးရဦးမလဲ""

""3D ရိုက်မယ် .. အိုကေ .. ပုံထွက်ကောင်းလား""

ရတုက အမျိုးမျိုး လှမ်းအော်ပြောသည်။ ကြည်နူးနေနိုင်က လက်ထဲကဖုန်းကို Position အမျိုးမျိုးပြောင်းလျှက် အင်းမလုပ်၊အဲမလုပ် ခပ်တည်တည်။ အချိန်ခဏအကြာ ရတုပြန်ဆင်းလာပြီး

""မှန်းစမ်း .. ဘယ်နပုံရလဲ .. တော်တော်မှမိုက်ရဲ့လား""

ပုံကောင်းကောင်းရဖို့ ပိုစ့်ပေးရတာမလွယ်။ နဖူးမှာ ဇောချွေးစို့သည်။ ရတု ကြိုးစားပမ်းစားဖြင့် ပိုစ့်ပေးပြီးနောက် ကြည်နူးလက်ထဲက ဖုန်းကို ယူပြီး ကြိုးစားမှု့ရလာဒ်ကို စစ်ဆေးလိုက်သည်။

WTF! ဒါဘာကြီးလဲ ..

ရတုပုံတစ်ပုံမှမရှိ။ ကြည်နူးနေနိုင်ရဲ့ဆယ်ဖီပုံတွေသာ ရာကျော်လောက်သည်။ ရတု သူ့ပုံများ ပါဦးမလားလို့ ရှာကြည့်ပေမဲ့ တစ်ပုံဆို တစ်ပုံမှမရှိ။

""မင်းကွာ! မရိုက်​​ရင်​လဲမရိုက်​ဘူး​ပေါ့ .. အခု​တော့ ​ကျောက်​တုံး​ပေါ် တတ်​ပြီး ​ခြေကားယား လက်​ကားယားလုပ်​​နေတဲ့ ငါက ​သောက်​ရူးလား''''

""ငါပုံမရိုက်​ပေးမှ မင်းက ​သောက်​ရူးဖြစ်​တာမဟုက်​ဘူး.. နဂိုထဲက ​အော်​ရီဂျင်​နယ်​​သောက်​ရူး""

""ဘာ! မင်း​တော့...""

""Kyinuunaynaing@gmail.com ကိုပို့လိုက်""

Waking Love UPWhere stories live. Discover now