❦Chapter Thirteen❦ {Z+U}

Start from the beginning
                                    

ဟုတ်တော့လည်း ဟုတ်တာပဲလေ..။
ဒါပေမယ့် လူတစ်ယောက်က ဘာကြောင့် ဒီလောက်ထိ ပဟေဠိတွေချည်းနှင့်သာ ပြည့်နေရသလဲ။

"သူ့မျက်နှာကို ကြည့်ပြီး သူ့စိတ်ထဲ ဘာတွေကြံစည်နေလဲ ဘာတွေတွေးနေလဲ ဘယ်သူမှ မပြောနိုင်ဘူး.. ဒါကြောင့်လဲ ပြိုင်ဘက်ဂိုဏ်းတော်တော်များများကို အနိုင်ယူပြီး ဒီအထိ ရောက်လာခဲ့တာ။ သူတို့မထင်မှတ်တဲ့ ဘယ်လိုမှ မစဉ်းစားမိတဲ့ နည်းတွေနဲ့ Mr.J က သူတို့ကို အနိုင်ယူခဲ့တာလေ~"

တက်ကြွစွာ ပြောပြနေသည့် JinHyuk ကို ကြည့်ပြီး ကျွန်တော် ပြုံးမိသည်။
Chan ကို သူ တော်တော်လေးစားသည့်ပုံပါ။

"သူ.. သူက ဘယ်လိုလုပ်ပြီး ဆိုလ်းမြို့က စိတ်ကျန်းမာရေးဆေးရုံကို ရောက်နေလဲ ကျွန်တော့်ကို ပြောပြပေးနိုင်မလား??"

သူသာ ဒီ Gotham မြို့မှာပဲ ရှိနေမည်ဆိုလျှင်..
ဆိုလ်းမြို့ကို ရောက်မလာခဲ့ဘူးဆိုလျှင်..

ကျွန်တော်ဟာ စိတ်ကျန်းမာရေးဆရာဝန်တစ်ယောက်အဖြစ်နဲ့ ပုံမှန်နေ့စဉ်ဘဝကို လည်ပတ်နေလိမ့်မည်။
တစ်နေ့တွင် အိမ်ထောင်ကျပြီး မိသားစုနှင့် ပျော်ပျော်ရွှင်ရွှင် နေရလိမ့်မည်။

ဘယ်တုန်းကမှ မရောက်ဖူးခဲ့သည့် မြို့ကို ရောက်လာစရာ အကြောင်းမရှိ။
ဘယ်သူနှင့်မျှ စကားပြောခွင့်မရှိပဲ အိမ်အကြီးကြီးထဲ ပိတ်မိနေစရာ အကြောင်းမရှိ။
နောက်ပြီး...

နားလည်ရခက်သည့်၊ ကျွန်တော့်ကို နာကျင်မှုတွေချည်း ပေးသည့် လူတစ်ယောက်ကို မိုက်မိုက်မဲမဲ ချစ်မိစရာ အကြောင်းမရှိ။

ဘယ်လိုအကြောင်းတရားမျိုးက ကျွန်တော့်ကို သူနှင့် ဆုံစည်းစေခဲ့သနည်း။

"လက်အောက်ခံဂိုဏ်းတစ်ခုက သူ့ကို သတ်ဖို့ အခေါက်ခေါက်အခါခါ ကြိုးစားတယ်.. ဒါပေမယ့် Mr.J က ထူးထူးဆန်းဆန်း ဘာမှမတုံ့ပြန်ခဲ့ဘူး။ ခုတစ်ခေါက် တောင်ကိုရီးယားက အမတ်လောင်းတစ်ယောက်နဲ့ ထပ်ပူးပေါင်းပြီး ကြိုးစားတယ်"

သူ့ကို သတ်ရတာ ဒီလောက်ပဲ ခက်ခဲသလား။ ဝေးဝေးလံလံ တောင်ကိုရီးယားက လူနဲ့ ပူးပေါင်းရတဲ့အထိ။

♕JOKER & HARLEY{Season-I}♕ Where stories live. Discover now