Part - 30

3K 246 18
                                    

ဆေးရုံပေါ်မှာလဲလျောင်းနေသောကောင်မလေးတစ်ယောက် သူ့ဘေးမှာတော့ သူ့မလက်ဖဝါးကိုဆုပ်ကိုင်ပီး ငိုနေတဲ့ကောင်လေးတစ်ယောက်လည်းရှိတယ်

''Baekhyun မင်းသတိရပါတော့ကွာ မင်းဘာမှမဖြစ်ရဘူး ကိုယ့်ကိုမထားခဲ့ပါနဲ့''

ကောင်လေးရဲ့မျက်ရည်တစ်စက်က ကောင်မလေးလက်ဖမိုးပေါ်ကျသွားတော့ ကောင်မလေးလဲလက်ချောင်းလေးတွေ စပီးလှုပ်ရှားလာတယ်

''Puppy သတိရလာပီနော် ခဏ ကိုယ်ဆရာဝန်သွားခေါ်လိုက်မယ်''

ခဏကြာတော့ ဆရာဝန်ရောက်လာပီး Baek ကိုစမ်းသပ်လိုက်တယ်

''ဒေါက်တာ လူနာအခြေနေဘယ်လိုနေသေးလဲဟင်''

''စိုးရိမ်စရာအခြေနေကနေစိတ်ချလို့ရသွားပါပီ ဒါပေမယ့် လူနာက နှလုံးအားနည်းနေတယ် နှလုံးရောဂါဖြစ်ဖို့အနေထားတွေ့ရတယ် လူနာကိုစိတ်ချမ်းသာအောင်ထားပီးေ သချာဂရုစိုက်ပါ''

''Nae ဒေါက်တာ ကျေးဇူးတင်ပါတယ်''

''Baek ကိုယ်ဘယ်လောက် စိုးရိမ်လိုက်ရလဲသိလား သတိလစ်နေတာ 2 ရက်ရှိပီ ဆရာဝန်က Baek သတိပြန်မရလာရင်ခွဲစိတ်ရမယ်ဆိုပြီး စောင့်ကြည့်နေကြတာ တော်သေးတာပေါ့ Baek သတိရလာလို့ Baek အစားကိုယ်သာဖြစ်လိုက်ချင်တယ်''

Chanyeol ပြောသမျှကို နားထောင်နေတဲ့ Baek မှာတော့ Oxygen ပေးထားတာကြောင့် စကားပြန်မပြောနိုင်ပဲ အရူးတစ်ယောက်လို စကားတွေအဆက်မပြတ်ပြောနေတဲ့ Chanyeol ကိုသာ ကြည့်ရင်းမျက်ရည်ကျမိတယ်

''Baek ဘာလို့ငိုတာလဲ မငိုနဲ့တော့လေ Baek သက်သာသွားပီလေ နော် ကိုယ် Baek အနားမှာရှိနေမယ်''

Chanyeol တစ်ယောက် Baek ကိုမျက်ရည် သုတ်ပေးနေချိန်မှာပဲ lulu တစ်ယောက် လိုအပ်တဲ့ပစ္စည်းတွေယူလာပီး အခန်းထဲဝင်လာတယ်

''Chanyeol Oppa နားလိုက်တော့လေ lulu စောင့်နေလိုက်မယ် Oppa မပြန်တာ နှစ်ရက်ရှိပီမှတ်လား ဟင် မမလေး သတိရလာပီ''

lulu တစ်ယောက် Baek ကုတင်ဘေးသွားပီး ကျန်တဲ့ Baek လက်တစ်ဖက်ကို ကိုင်လိုက်တယ်

''မမလေး သက်သာသွားမှာ အားမငယ်နဲ့နော် မမလေးဘေးမှာ lulu တို့အားလုံးရှိတယ် သိလား''

Our Friendship  [completed]Where stories live. Discover now